Healthy Life Ad
Q & A

ဆီးသွားရင် သွေးပါပြီး အောင့်နေတယ် . .

မေး. ဆရာ. . အမျိုးသားက ဆီးသွားရင် သွေးပါလို့ပါ။ အခုသူပြနေတဲ့ အထွေထွေဆရာဝန်က ဆေးထိုးပေးတယ်၊ သောက်ဆေးကို ၁၅ရက်စာပေးတယ်။ သူ့ကိုသုက်ရည်ခမ်းလို့ ပင်ပန်းလို့ဖြစ်တာလို့ပြောပါတယ်။ ဟုတ်ပါသလားဆရာ။ သုက်ရည်ခမ်းတယ်ဆိုတာ မကြားဖူးလို့ပါ။ ကန်တော့ပါဆရာ။ လိင်ဆက်ဆံပြီး သူဆီးသွားတော့ သွေးတွေတအားထွက်တာပဲ။ သူကအောင့်တယ်လို့ လည်းပြောတယ်။ ဘာဖြစ်တာလဲ ဆရာ။
သနပ်ခါး (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. အမျိုးသားတွေမှာ ဆီးထဲသွေးပါရတဲ့ အကြောင်းရင်းခံတွေ အများကြီးရှိပါတယ်။ ကူးစက်ရောဂါတချို့ကြောင့် ဖြစ်နိုင်သလို မတော်တဆထိခိုက်ပွန်းပဲ့ရာကနေ သွေးကြောလေးတွေပေါက်ပြဲပြီး သွေးထွက်တာလည်း ဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းနဲ့ သုက်ပို့ပြွန်မှာ ထိခိုက်မှုရှိရင်လည်းဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါးဆိုသလို ကင်ဆာကျိတ်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ဖြစ်နိုင်ခြေနည်းပါတယ်။ အများစုကတော့ ရက်ပိုင်းအတွင်း ကောင်းသွားတတ်ပါတယ်။ လိင်ဆက်ဆံမှဖြစ်တာလား၊ ပုံမှန်ဆီးသွားမှဖြစ်တာလား၊ တခြားထိခိုက်မိတာရှိလား နာကျင်နေလားစသဖြင့် တိတိကျကျသိမှ ဘာဖြစ်တယ်၊ ဘာလုပ်သင့်တယ်ဆိုတာ ပြောလို့ရမှာပါ။ တစ်ပတ်ကျော်တဲ့အထိ မသက်သာရင်၊ ပိုဆိုးလာရင်၊ သွေးပါတာများရင်၊ နာကျင်ရောင်ကိုင်းလာရင် ဆေးရုံ၊ ဆေးခန်းမှာ ပြသစစ်ဆေးခံဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top