Healthy Life Ad
Q & A

သွေးကင်ဆာကုသနေစဉ် စားသင့်သည့် အစားအသောက်

မေး ။ သွေးကင်ဆာကုသနေချိန်မှာ ဘယ်လို အစားအစာတွေကို စားပေးသင့်ပါသလဲရှင်။
နီလာ၊ မန္တလေး။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးသည်။
ဖြေ ။ သွေးကင်ဆာပဲဖြစ်ဖြစ် ဘယ်လိုကင်ဆာမျိုးပဲဖြစ်ဖြစ် ကင်ဆာဖြစ်နေချိန်မှာ အစာအာဟာရကို မျှတအောင် စားသောက်ဖို့အရေးကြီးပါတယ်။ တချို့က ကင်ဆာဖြစ်နေရင် အချိုပါတဲ့ အစားအသောက် တွေမစားရဘူးလို့ထင်နေတာ မှားပါတယ်။ စွမ်းအင်လိုအပ်နေတဲ့အတွက် အချိုကိုလည်း စားသင့်ပါတယ်။ ပရိုတင်းဆိုလည်း စားသင့်ပါတယ်။ ဆိတ် သား၊ အမဲသားတို့လို အနီရောင်အသားတွေကို စွပ် ပြုတ်ရည်လုပ်ပြီးသောက်ပေးသင့်ပါတယ်။ ကျန်တဲ့ ကြက်သား၊ ငါးတို့လို အဖြူရောင်အသားတွေကို များများစားပေးသင့်ပါတယ်။ အသီးအရွက်ကိုလည်း စားပေးရပါမယ်။ ပြောရမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို မျှမျှတတ စားပေးရပါမယ်။ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ အသားဓာတ်၊ ဗီတာမင်ဓာတ်နဲ့သတ္တုဓာတ်စတာတွေကို အစုံအလင်စားပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top