Healthy Life Ad
Health Tips

သက်ရှည်ကျန်းမာလန်းဆန်းသော နေ့သစ်တို့ကို လျှောက်လှမ်းနိုင်မည့် အလွယ်နည်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) နေ့စဉ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အနံ့ခံအာရုံ ပိုကောင်းစေနိုင်
နေ့စဉ် လေ့ကျင့်ခန်းတစ်ခုခုကို လုပ်ဆောင်ပေးရင် လေ့ကျင့်ခန်းမလုပ်သူတွေထက် အနံ့ခံအာရုံကို ပိုကောင်းစေကြောင်း လေ့လာမှုအရသိရပါတယ်။

(၂) ရေသောက်ပေးလျှင် လေ့ကျင့်ခန်း လုပ်ရင်းကြွက်တက်ခြင်းကင်းစေနိုင်
လေ့ကျင့်ခန်း မလုပ်ခင်၊ လေ့ကျင့်ခန်းလုပ်နေစဉ်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးချိန်တွေမှာ ရေကို သောက်ပေးတာက ကြွက်တက်တာကိုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝတာကြောင့် အဆစ်နဲ့ကြွက်သားတွေကို ချောမွေ့နေစေတာကြောင့်ပါ။

(၃) လမ်းလျှောက်ခြင်းဖြင့် ကိုယ်ခံစွမ်းအား ကောင်းမွန်စေနိုင်
ပုံမှန်လမ်းလျှောက်တာကြောင့်ကြွက်သားတွေရဲ့ လုပ်နိုင်စွမ်းကို တိုးမြင့်လာစေပြီး သွေးထဲကို အောက်ဆီဂျင် ရောက်ရှိနှုန်း ကောင်းလာပါတယ်။ ဒါ ကြောင့် သက်လုံကိုကောင်းမွန်စေပါတယ်။ တစ်ပတ်ငါးရက်နဲ့တစ်ရက်မှာ မိနစ် ၂၀ ခန့်လမ်းလျှောက်တာက သွေးဖြူဥနဲ့ ပဋိပစ္စည်းတွေလှည့်ပတ်မှုကို မြင့်တက်စေပြီး ကိုယ်ခံစွမ်းအားစနစ်ကောင်းစေပါတယ်။

(၄) အနှိပ်ခံခြင်းဖြင့် နှစ်ခြိုက်စွာအိပ် မောကျစေနိုင်
ပုံမှန်အနှိပ်ခံတာကြောင့် အိပ်ရေးဝ၀အိပ်ပျော်စေပါတယ်။

(၅) ရေနွေးကြမ်းသောက်ခြင်းဖြင့် စွမ်းအင်တိုးစေနိုင်
ရေနွေးကြမ်းမှာ ကဖင်းဓာတ်နဲ့ L-theamine တို့ပါဝင်မှုကြောင့် နိုးကြားစေပြီး မှတ်ဉာဏ်နဲ့ တုံ့ပြန်နိုင်စွမ်းတို့ကို ပိုမိုကောင်းမွန်စေပါတယ်။

(၆) ပျားရည်၊ သံပရာရည်နှင့် ချင်းရည် တို့ကိုရောသောက်ခြင်းဖြင့် အစာကြေစေနိုင်
အစာများများစားပြီး မစာမကြေဘဲ ဗိုက်မအီမသာဖြစ်နေရင် သံပရာရည်၊ ချင်း(ဂျင်း)ရည်နဲ့ ပျားရည်တို့ကို လက် ဖက်စားဇွန်းနှစ်ဇွန်းစီရောပြီး ကြက်သီးနွေးရေ တစ်ဖန်ခွက်ထဲထည့်မွှေကာ သောက်ပေးပါ။ အစာမကြေဝေဒနာကို သက်သာစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top