Healthy Life Ad
Q & A

သွားအမြစ်ကောင်း၊ မကောင်းသိချင်ပါတယ် . . .

မေး။ ။သွားအမြစ်ကောင်း၊ မကောင်းကို ဘယ်လိုစမ်း သပ်သိရှိနိုင်ပါသလဲဆရာ။
ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင်(မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး) ပြန်လည်ဖြေကြားပေးသည်။

ဖြေ။ ။သွားအမြစ်ကတော့ များသောအားဖြင့် ပိုးစားပြီး ရင်ဖြစ်ဖြစ်၊ သွားဖုံးရောဂါကြောင့် ဖြစ်ဖြစ်သွားအမြစ်ထိပ်အထိ ပိုးတွေက ရောက်သွားတတ်ပါတယ်။ ပိုးတွေရောက်သွားရင် သွားအမြစ်ထိပ်မှာ ပြည်တည်တဲ့အနာ ဖြစ်တတ်ပါတယ်။ ပြည်တည်တဲ့ အနာဖြစ်ရင် သွားဖုံးမှာ အဖုလေးတွေဖြစ်လာတယ်၊ ပြည် လေးတွေဖြစ်လာတယ်၊ အဲဒါဆိုရင် သွားအမြစ်ထိပ်မှာ ပြည်တည်နာရောက်သွားပြီဆိုပြီး မှန်းလို့ရတယ်။ နောက်တစ်ခုက အမြစ်ကောင်းလား၊ မကောင်းဘူးလားဆိုတာ သေချာသိဖို့က ဓာတ်မှန်ရိုက်ကြည့်လို့ ရတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် သွားအမြစ်ထိပ်မှာ ပြည်တည်နာရှိလား၊ မရှိဘူးလား၊ အမြစ်က ကျိုးနေသလား၊ မကျိုးဘူးလားဆိုတာကို သေသေချာချာ သိရပါတယ်။

သွားအမြစ်ရဲ့ ခိုင်ခံ့မှုက အရိုးထဲမှာ ဘယ်လောက်ရှိနေသလဲ ဒါမှမဟုတ် ခိုင်ခံ့မှုမရှိတော့ဘူးလား၊ အရိုးတွေကို စားနေပြီလား၊ သွားခိုင်သလား၊ မခိုင်ဘူးလားဆိုတာကိုလည်း ဓာတ်မှန်ရိုက်ကြည့်ပြီးမှ ပြောလို့ရပါတယ်။ ပုံမှန်အားဖြင့် သွားကနည်း နည်းလှုပ်နေတယ်၊ သာမန်ထက်ပိုပြီး လှုပ်နေတယ် ဆိုရင်တော့ သွားအမြစ်က သွားဖုံးထဲပဲရှိနေတယ်၊ အရိုးထဲမှာ လုံးဝတိတိကျကျ မပျက်မစီးဘဲ ရှိနေတာ မဟုတ်တဲ့အတွက်ကြောင့် သွားကနဲ့လာတယ်လို့ သာမန်အားဖြင့် ယူဆလို့ရတယ်။ အဲဒီလိုအချိန်မှာ ဆိုရင် သွားခိုင်မယ်၊ မခိုင်ဘူးဆိုတာကတော့ ဓာတ မှန်ရိုက်ကြည့်ပြီးမှ ပြောလို့ရပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top