Healthy Life Ad
Q & A

နွေရာသီနှင့် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

မေး. နွေကာလမှာ ရင်အေးအောင် ဘယ်လိုအစားအသောက်တွေကို အဓိကစားပေးသင့်ပါသလဲ။

ဖြေ. နွေရာသီမှာ ရင်အေးအောင် အရည်ရွှမ်းတဲ့အသီးအနှံတွေကို များများစားပေးရပါမယ်။ အထူးသဖြင့် စပျစ်သီး၊ ဖရဲသီး၊ ပန်းသီး၊ သခွားမွှေးသီးတို့လို အရည်ရွှမ်းပြီးအေးမြတဲ့ သစ်သီးတွေကို စားပေးရပါမယ်။ ဒါဆို ရေဓာတ်ပြည့်ဝပြီး အပူဒဏ်ကိုလည်း ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။

မေး. နွေကာလမှာ ရေဓာတ်ခမ်းခြောက်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ။ ပူပြင်းလွန်းတဲ့အတွက် ရေဓာတ်မခမ်းခြောက်အောင် တစ်နေ့မှာ ရေဘယ်လောက်သောက်သင့်ပါသလဲ။

ဖြေ. နွေကာလမှာ ရေဓာတ်ခမ်းခြောက်တဲ့အခါ ပေါ်လာတတ်တဲ့ လက္ခဏာတွေက အာခြောက်ပါမယ်၊ ရေအလွန်အမင်းဆာလောင်လာပါမယ်။ မူးသလိုလိုဖြစ်လာပါမယ်။ ခေါင်းမူးရာကနေ ခေါင်းကိုက်လာပါမယ်။ မူးပြီးအန်တာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် နွေကာလမှာ အနည်းဆုံး ရေသုံးလီတာကို သောက်ပေးရပါမယ်။ ရေသောက်တဲ့အခါ တစ်ပြိုင်တည်းမော့သောက်လိုက်တာမျိုးမလုပ်ဘဲ ဖြည်းဖြည်းချင်းတစ်ငုံချင်းငုံပြီး သောက်ပေးရပါမယ်။ ရေနွေးသောက်ပေးရင်လည်း ရေငတ်ပြေစေသလို ရင်အေးစေပါတယ်။ ချွေးထွက်များလွန်းရင် ဓာတ်ဆားရည်သောက်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top