Healthy Life Ad
Q & A

အဖြူဆင်းခြင်း အမေး-အဖြေ (၂) (Vaginal discharge Q and A)

ဒေါက်တာတင့်ဆွေ ဖြေကြားသည်။

၆။ Chlamydial infection (ကလင်ဒါမိုင်စင်) မွေးလမ်းကြောင်းရောင်ခြင်း

STD/STI ရောဂါတွေထဲမှာ က အဖြစ်အများဆုံးပါ။

Chlamydia trachomatis လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာဆိုပေမယ့်မနာဘူး။ ပေါင်ခြံမှာ ဝှေးစေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ တချို့အဖြူဆင်းမယ်။ လိင်ဆက်ဆံပြီးချိန် သွေးနည်းနည်း ဆင်းမယ်။ တချို့မှာ ပြည်လိုနေတယ်။ နည်းနည်းဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်းအရောင်လည်း ဖြစ်နိုင်တယ်။ အမြှုပ်လိုလည်း ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင်နာမယ်။ ပိုးရှိနေပေမယ့် လက္ခဏာမပြသူတွေရှိတယ်။ အသက် ၃၀ အောက် အဖြစ်များတယ်။

အထူးသဖြင့် လိင်ဆက်ဆံဖက်များသူတွေမှာ ဖြစ်တယ်။

Azithromycin 1 Gm သောက်ပါ။ ဒါမှမဟုတ်

Doxycycline 100 mg တစ်နေ့ ၂ ကြိမ် ၇-၁၄ ရက်။ ဒါမှမဟုတ်

Erythromycin 250-500-800 mg တစ်နေ့ ၄ ကြိမ်၊ ၇-၁၄ ရက်။ ဒါမှမဟုတ်

Ofloxacin 300 mg တစ်နေ့ ၂ ကြိမ်၊ ၇ ရက်၊ ဒါမှမဟုတ်

Ofloxacin 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ်

Tetracycline 250-500 mg တစ်နေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

အဖြူဆင်းလို့ ဆေးသောက်၊ ဆေးထည့်နေရရင် ရာသီလာနေချိန်မှာလည်း ဆက်လုပ်ရမယ်။ အိမ် ထောင်သည်တွေဆိုရင် နှစ်ယောက်လုံးကို ဆေးတစ် ပြိုင်တည်းကုသရမယ်။ အမျိုးသမီး-မိန်းကလေးတွေမှာ အဖြူဆင်းပြီးယားတာက ခဏခဏဖြစ်လေ့ ရှိတယ် . . .

၇။ ဂနိုးရီးယား (Gonorrhea)
ဒုတိယအများဆုံး STD/STI ဖြစ်တယ်။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ပြည်လိုဆင်းမယ်။
ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။
ဆက်ဆံရင်လည်း နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ ဆေးမကုရင် ယောကျာ်းရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။

Cefixime 400 mg တစ်ခါတည်းသောက်ပါ။ ဒါမှမဟုတ်

Ceftriaxone 125 mg IM ထိုးပါ။ ဒါမှမဟုတ်

Ciprofloxacin 500 mg သောက်ပါ။ ဒါမှ မဟုတ်

Ofloxacin 400 mg + Azithromycin 1 g ဒါမှမဟုတ် Doxycycline 100 mg တစ်နေ့ ၂ ကြိမ် ၇ ရက်တွဲပါ။

၈။ ကိုယ်ဝန်တား ပစ္စည်းပိုးဝင်ခြင်း (Infected IUCD)
ကလေးခြားအောင်ထည့်တဲ့ IUCD သားအိမ်ထဲ ပစ္စည်း (ကောပါးတီ)ထည့်သူ ၅ရာခိုင်နှုန်းမှာ ပိုး ဝင်တတ်တယ်။ ဗိုက်အောက်ပိုင်းနေရာနာမယ်။ မွေးလမ်းက တစ်ခုခုဆင်းမယ်။
နည်းနည်းကိုယ်ပူမယ်။ အတူရင် နာမယ်။ IUCD ပြန်ထုတ်ပါ။ Amoxicillin, Cephalos­porins, Tetracycline ပေးပါ။ မရသေးရင် Cefoxitin ဒါမှမဟုတ် Metronidazole + Gentamicin ဒါမှမဟုတ် Clindamycin + Gentamicin ထိုးပေးပါ။

၉။ မဆိုးတဲ့ တင်ပါးဆုံအတွင်းအင်္ဂါများရောင်ခြင်း PID (Pelvic Inflammatory Disease) နည်းနည်းဖျားမယ်။ လိင်ဆက်ဆံရင်နာမယ်။ ပြည် ဒါမှမဟုတ် ခပ်ချွဲချွဲဆင်းမယ်။ ဗိုက်အောက်ပိုင်း နေရာနာမယ်။ သွေးဖြူဥအရေအတွက် များလာမယ်။

Doxycycline 100 mg တစ်နေ့ ၂ ကြိမ် ၁၀-၁၄ ရက်ကို Cefoxitin 2.0 gm IM ထိုးပါ။ ဒါမှမဟုတ် Cefoxitin 1.0 gm သောက်ပါ။ ဒါမှ မဟုတ် Ceftriaxone 250 mg IM ဒါမှမဟုတ် Ceftizoxime 1 gm IM ဒါမှမဟုတ် Cefotaxime 0.5 gm IM ဒါမှမဟုတ် Ofloxacin 400 mg တစ်နေ့ ၂ ကြိမ်နဲ့ Metronidazole 500 mg တစ်နေ့ ၂ ကြိမ်၊ ၁၄ ရက် တွဲပေးပါ။

၁၀။ ဆိုးတဲ့ တင်ပါးဆုံအတွင်းအင်္ဂါများ ရောင်ခြင်း Severe PID (Pelvic Inflamatory Disease)

Doxycycline 100 mg စားဆေး၊ ဒါမှမဟုတ် IVထိုးဆေး၊ တစ်နေ့ ၂ ကြိမ်၊ Cefoxitin 2.0 gm IV ထိုးဆေး တစ်နေ့ ၄ ကြိမ် တွဲပေးပါ။ ဒါမှမဟုတ်

Cefotetan 2 gm IV တစ်နေ့ ၂ ကြိမ်၊ ၂ ရက်၊ နောက် Doxycycline စားဆေး ၁၀-၁၄ ရက်၊ ဒါမှမဟုတ်

Clindamycin 900 mg ထိုးဆေး တစ်နေ့ ၃ ကြိမ်ကို Gentamicin, 1.5-2.0 mg/kg IV/IM ထိုးဆေးတွဲပေးပါ။ နောက်ပြီး Doxycycline 100 mg တစ်နေ့ ၂ ကြိမ် စားဆေး ၁၀-၁၄ ရက်၊ ဒါမှမဟုတ်

Clindamycin 450 mg တစ်ခါတည်း သောက်ပါ။ ဒါမှမဟုတ် Ofloxacin 400 mg IV တစ်နေ့ ၂ ကြိမ်ကို Metronidazole 500 mg IV ထိုးဆေး တစ်နေ့ ၃ ကြိမ် ဒါမှမဟုတ် Ampicillin/Sulbactam 3 g IV ထိုးဆေး တစ်နေ့ ၄ ကြိမ်၊ Doxycycline 100 mg IV ထိုးဆေး ဒါမှမဟုတ် စားဆေး၊ တစ်နေ့ ၂ ကြိမ် ဒါမှမဟုတ်

– Ciprofloxacin 200 mg IV ထိုးဆေး၊ တစ် နေ့ ၂ ကြိမ်ကိုတွဲပေးဖို့ Doxycycline 100 mg IV ဒါမှမဟုတ် စားဆေး တစ်နေ့ ၂ ကြိမ်နဲ့ Metronidazole 500 mg IV ထိုးဆေး တစ်နေ့ ၄ ကြိမ်။

၁၁။ Trichomoniasis ထွိုင်ကိုမိုးနပ်စ် မွေးလမ်း ကြောင်းရောင်ခြင်း
အနေအထိုင်ခက်ပြီး အဖြူ(အမြှုပ်)ဆင်းမယ်။ မွေးလမ်း၊ မိန်းမကိုယ် နီမယ်။ စိမ်းဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်း၊ ယားတယ်။ မွေးလမ်းကနေ ဆင်းတာက အမြှုပ်လိုနေမယ်။ ခပ်စိမ်းစိမ်း၊ ခပ်ဝါဝါအရောင်ရှိမယ်။ အနံ့ရှိမယ်။ ယားမယ်။ နာမယ်။ ပူလောင်မယ်။ ဆီးပူ-ဆီးအောင့်ဖြစ်မယ်။ ရာသီလာအပြီး ပိုဆိုးတယ်။ လိင်ကတစ်ဆင့် ကူးစက်တယ်။

Metronidazole 2 Gm တစ်ခါတည်း သောက်။ တချို့က ဆေးမခံနိုင်ဘူး။ ပျို့-အန်တတ်တယ်။ အစားပျက်တယ်။

Metronidazole 500 mg တစ်နေ့ ၂-၃ ကြိမ် ၇ ရက်၊ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ ကွန်ဒွမ် သုံးပါ။ မဆက်ဆံမီ ရေဆေးပါ။ ရေကူးကန်မှာ ရေမကူးပါနဲ့။ အတွင်းခံကိုသူများနဲ့လဲ မဝတ်ပါနဲ့။

Clotrimazole (Gyne-Lotrimin, Myce- lex-7) မွေးလမ်းထည့်ဆေး ညတိုင်း ၇ ရက်ထည့်ပါ။

အမျိုးသမီးတွေ အဖြူဆင်းရင်
ရာသီလာနေချိန်ဆိုတာ ပိုးဝင်ဖို့ အခြေအနေကောင်းတစ်ခုဖြစ်တယ်။ အဖြူဆင်းလို့ ဆေးသောက်၊ ဆေးထည့်နေရရင် ရာသီလာနေချိန်မှာလည်း ဆက်လုပ်ရမယ်။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံးကို ဆေးတစ်ပြိုင်တည်းကုသရမယ်။ အမျိုးသမီး-မိန်းကလေးတွေမှာ အဖြူဆင်းပြီး ယားတာက ခဏခဏဖြစ်လေ့ရှိတယ်။ Candida infection မှို (ဖန်းဂတ်စ်) ပိုးဝင်လို့ဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့ မ ဆိုင်ဘဲဖြစ်တတ်တယ်။ Trichomonas vaginalis အမျိုးအစားကတော့ လိင်ကတစ်ဆင့် ကူးစက်တယ်။ အမျိုးသမီးအင်္ဂါနေရာကို သန့်ရှင်းရေးလုပ်ရင် ဆပ်ပြာက(အယ်လ်ကာလီ) ဓာတ်ပါတာမျိုးမသင့်ပါ။ ရေမွှေးမသုံးပါနဲ့။ ပိုးသေဆေးပါတဲ့ ဆေးကြောအရည် မသုံးပါနဲ့။ ဝါဂွမ်းနဲ့လုပ်တဲ့ အတွင်းခံသာဝတ်ဆင်ပါ။ ရာသီလာစဉ်သုံးပစ္စည်း သန့်ပါစေ။ နေရာကို ခြောက်သွေ့နေပါစေ။ မိုးရာသီမှာ အထူးဆင်ခြင်ပါ။ ခပ်စိုထိုင်းထိုင်းနဲ့ ပူနွေးနွေး အခြေအနေကို ဖန်းဂတ်(မှို)တွေက ကြိုက်တယ်။
ဆေးတွေအမျိုးမျိုးထဲက နမူနာ၃ခုပြောပါမယ်။

၁. Zocon-T Kit (Fluconazole/Tini-dazole) – 150mg/1000mg (1 Tablet) သောက်ဆေး၊ ၁ ကြိမ်တည်း။

၂. Clindamycin phosphate 100mg + Clotrimazole 100mg Suppositories/Vaginal Softgel = Clindamycin 200/300mg capsule (Clindamycin and Clotrimazole Vaginal Suppositories)
မွေးလမ်းကြောင်း (ဗဂျိုင်းနား) ထဲထည့်ဆေး၊ ၃ ညဆက်တိုက်။ Clin­damycin 100 mg + Clotrimazole 200 mg သောက်ဆေး၊
၃. Tinidazole, Miconazole Nitrate & Neomycin Sulphate Vaginal Suppositories Tinidazole BP 500 mg + Miconazole Nitrate BP 200 mg + Neomycin Sulphate BPeq. to Neomycin 20 mg

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top