Healthy Life Ad
Health Tips

အကျိုးပြုဘက်တီးရီးယားများပါဝင်သော အစားအသောက်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အကျိုးပြုဘက်တီးရီးယားရှိတဲ့အခါ အစားအသောက်မှားတာကြောင့် ဗိုက်နာတာ၊ ဝမ်းပျက်တာ စတဲ့ဝေဒနာတွေကို ကင်းဝေးစေတဲ့အတွက် အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ အစားအသောက်တွေကို စားသုံးနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဒိန်ချဉ်
ဒိန်ချဉ်အားလုံးက ကျန်းမာရေးအာနိသင် အတူတူပဲတော့ မဟုတ်ပါဘူး။ တချို့ဒိန်ချဉ်တွေထဲမှာ သကြားတွေနဲ့ အဆီတွေပါဝင်နေပါတယ်။ ဒါကြောင့် အဆီထုတ်ထားတဲ့ ဒိန်ချဉ်ကိုရွေးချယ်မှ သာ အကျိုးပြုဘက်တီးရီးယားတွေကို အကောင်းဆုံးရရှိမှာဖြစ်ပါတယ်။

(၂) ပဲပိစပ်ဖြင့်လုပ်ထားသော အစာ
ပဲပိစပ်နဲ့လုပ်ထားတဲ့ အစာတွေဖြစ်တဲ့ တိုဟူး၊ ပဲပုပ်စေ့စတာတွေမှာ အကျိုးပြုဘက်တီးရီးယားနဲ့ ဗီတာမင် B12 တို့ ပါဝင်နေပါတယ်။

(၃) သံလွင်သီး
သံလွင်သီးတွေမှာ အကျိုးပြုဘက်တီးရီးယား ပမာဏများများပါဝင်နေပါတယ်။ ဒါကြောင့် ဟင်းလျာတွေထဲ၊ ဟင်းရွက်သုပ်တွေထဲကို သံလွင်ဆီထည့်ပြီး ပြင်ဆင်သင့်တာဖြစ်ပါတယ်။

(၄) နွားနို့
နွားနို့တချို့အမျိုးအစားထဲမှာ အကျိုးပြုဘက် တီးရီးယားတွေ ပါဝင်နေပါတယ်။ လေ့လာမှုတချို့ အရ အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ နွားနို့တွေက ကလေးတွေနဲ့ အသက်ကြီးသူတွေကို လေထစေ တယ်လို့ဆိုပါတယ်။ ဒါကြောင့် သင်နဲ့ သင့်တော်မှု ရှိ၊ မရှိဆိုတာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

(၅) ပဲနို့
ပဲနို့မှာ သဘာဝအားဖြင့် အကျိုးပြု ဘက်တီးရီး ယားတွေပါဝင်နေပါတယ်။ ဒါပေမဲ့ အခုခေတ်ဈေး ကွက်ထဲက ပဲနို့တွေကို ဝယ်မယ်ဆိုရင် “Live and active culture” ဆိုတဲ့ စာတမ်းပါတာကို ရွေးပါ။

(၆) မီဆိုစွပ်ပြုတ်
ဂျပန်စားသောက်ဆိုင်ကြီးတွေမှာ ထင်ရှားကျော်ကြားတဲ့ မီဆိုစွပ်ပြုတ်(Meso Soup)မှာ တိုဟူးနဲ့ ဟင်းသီးဟင်းရွက်တွေပါဝင်တာကြောင့် ကယ်လိုရီပါဝင်မှုနည်းပြီး အကျိုးပြုဘက်တီးရီးယားတွေနဲ့ ပရိုတင်းဓာတ်ပါဝင်ပါတယ်။

(၇) ရှလကာရည်စိမ်ထားသော ဟင်းသီးဟင်းရွက်
ဟင်းသီးဟင်းရွက်တွေကို ရှလကာရည်စိမ်ပြီး အချဉ်တည်ထားတဲ့အစာတွေမှာ သင့်ကျန်းမာရေးအတွက် အကျိုးပြုဘက်တီးရီးယားတွေ များစွာ ပါဝင်ပါတယ်။

(၈) အမည်းရောင် ချောကလက်
အမည်းရောင်ချောကလက်မှာ အစာအိမ်ကို ကျန်းမာစေမယ့် အကျိုးပြုဘက်တီးရီးယားတွေနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်နေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top