Healthy Life Ad
Q & A

ဝှေးစေ့အောင့်ခြင်း . . .

မေး။ ။ ကျွန်မ အမျိုးသားဝှေးစေ့အောင့်အောင့်နေတာကြာပြီ။ အခုဆိုဆီးသွားရင် သွေးပါတာ ဘာကြောင့် လဲ၊ ဘာရောဂါလဲ။ ဘာကြောင့်ဖြစ်တယ်ဆိုတာ ဘယ်လိုဆရာဝန် ပြသင့်တယ်၊ လမ်းညွှန်ပေးပါရှင်။
သနပ်ခါးလေး (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ ဝှေးစေ့အောင့်ရတဲ့ အကြောင်းရင်းများစွာရှိပြီး ကူးစက်ရောဂါတွေ၊ ကူးစက်တတ်ခြင်းမရှိတဲ့ ရောဂါ တွေကြောင့် ဖြစ်တတ်ပါတယ်။တစ်ဖက်တည်းလား၊ နှစ်ဖက်လုံးလား၊ အမြဲနာ၊ မနာ၊ ရောင်နေခြင်းရှိ၊ မရှိ သိဖို့လိုပါတယ်။ တာရှည်ဖြစ်ရင်၊ သွေးပြည်တစ်ခုခုပါရင်၊ နီနေ၊ ရောင်နေရင် ချက်ချင်းပြသ၊ ကုသဖို့လိုပါတယ်။ နီးစပ်ရာဆေးရုံမှာ ပြစေလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top