Healthy Life Ad
Q & A

မကြာခဏ သွားကိုက်သွားနာ ဖြစ်လျှင်

သွားကိုက် သွားနာတဲ့ဝေဒနာက သိပ်မပြင်းထန်ရင်တောင် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန်က လိုအပ်သလို ကုသပေးတာကြောင့် သွားမကျိုးအောင် ကာကွယ်ထားနိုင်ပါလိမ့်မယ်။ သွားကိုက်သွားနာ မကြာခဏ ဖြစ်တတ်သူတွေ အနေနဲ့ သွားတိုက်တာ၊ သွားကြားပွတ်ကြိုးသုံးတာနဲ့ ဖလိုရိုက်ပါတဲ့ ဆေးရည်နဲ့ ပလုတ်ကျင်းတာတွေကို လုပ်ဆောင်ပေးပါ။

လေ့လာမှုတစ်ရပ်အရ တစ်နေ့ နှစ်ကြိမ်ပလုတ်ကျင်းပေးတာက သွားပိုးပေါက်ဖြစ် နိုင်ခြေကို သုံးပုံတစ်ပုံလျော့ကျစေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အယ်လ်ကိုဟောပါတဲ့ အရည်နဲ့ ပလုတ်ကျင်းတာမျိုးကို ရှောင်ပါ။ သွားဖုံးတွေကို မသက်မသာဖြစ်စေလို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top