Healthy Life Ad
Life Style

လေ့ကျင့်ခန်းလုပ်သူတို့အား ပိုထိရောက်မှုရှိစေမည့်အစာ

၊ လရိပ်မေ ၊

လေ့ကျင့်ခန်း ပုံမှန်လုပ်နေသူတွေ ကိုယ်အလေးချိန်ကိုထိန်းနိုင်ပြီး သန်စွမ်းကျစ်လျစ်စေဖို့ ဘယ်အချိန်မှာ ဘယ်လိုစားပေးရမယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ခင် ဘာစားသင့်သလဲ

လေ့ကျင့်ခန်းမလုပ်ခင်မှာ အစာကို အလွန်အမင်းမစားသင့်သလို ဗိုက်ထဲ အစာလုံးဝမရှိဘဲလည်း လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ပရိုတင်းပါဝင်မှုများတဲ့အစာ၊ သစ်သီးဝလံ၊ အမျှင်ဓာတ်ပါတဲ့ အစာတွေကို စားပေးသင့်ပါတယ်။ တိရစ္ဆာန်ထွက်ပရိုတင်းတွေက ကြွက်သားထုထည်သန်စွမ်းစေပြီး သစ်သီးနဲ့ အမျှင်ဓာတ်ပါတဲ့အစာတွေက အစာကြေညက်စေကာ ခန္ဓာကိုယ်တွင်း သဘာဝသန့်စင်မှုစနစ်ကို အားကောင်းစေပါတယ်။

လေ့ကျင့်ခန်းမလုပ်ခင် ၂-၃ နာရီအလိုမှာ စားသင့်တဲ့ အစာတွေက-

– ပန်းသီးနဲ့ ချိစ်ဆင်းဒဝှစ်ချ်

– နွားနို့နဲ့ သစ်သီး

– ဟင်းရွက်စိမ်းသုပ်နဲ့တူနာငါး ဒါမှမဟုတ်ကြက်သား

– ခရက်ကာမုန့် ဒါမှမဟုတ် ပေါင်မုန့်

– ဒိန်ချဉ်နဲ့ သစ်သီး

– အခွံမာသီး

– သစ်သီးစုံ ဒါမှမဟုတ် သစ်သီးဖျော်ရည်

လေ့ကျင့်ခန်းလုပ်နေစဉ် ဘာစားသင့်သလဲ

လေ့ကျင့်ခန်းလုပ်နေတုန်း ရေကိုဖြည်းဖြည်းချင်းပဲ ငုံပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် အာဆွတ်ရုံပဲ သောက်သင့်တာပါ။ ရေသောက်တာကြောင့် ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေ ရရှိစေတဲ့အပြင် ဂလူးကို့စ် ထုတ်လုပ်ပေးနိုင်ပါတယ်။

ဂလူးကို့စ် ပါဝင်မှုများတဲ့ အစာတွေက-

– သစ်သီးဖျော်ရည်

– ငှက်ပျောသီး၊

– စပျစ်သီးခြောက်နဲ့ တခြားသစ်သီးခြောက်

လေ့ကျင့်ခန်းလုပ်ပြီး ဘာစားသင့်သလဲ

လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုက ပိုမိုမြန်ဆန်လာပါတယ်။ ဒါကိုပြန်လည်အားကောင်းအောင် လုပ်ရပါမယ်။

လေ့ကျင့်ခန်းလုပ်ပြီး စားသင့်တဲ့ အစာတွေက-

– လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဟင်းရွက်ကြော်တွေ၊

– အဆီနည်း အသားနဲ့ငါး

– အစိမ်းရောင် ဟင်းသီးဟင်းရွက်စုံ

လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ထိရောက်ပြီးအကျိုးရှိစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို များများစားပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top