Healthy Life Ad
Child

ကြီးထွားဖွံ့ဖြိုးနေဆဲ ကလေးတို့အတွက် အာဟာရဖြစ်စေသည့် အစားအစာများ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

အာဟာရဖြစ်စေတဲ့ အစားအစာအုပ်စုမှာ အဓိကကတော့ သုံးမျိုးရှိပါတယ်။ ဒီအစာအုပ်စုသုံးခုက လူတွေကို အာဟာရဖြစ်စေပါတယ်။

(၁) ကာဗိုဟိုက်ဒရိတ်(ကစီဓာတ်)
ကာဗိုဟိုက်ဒရိတ်တွေဖြစ်တဲ့ ထမင်း၊ ပြောင်း ဖူး၊ ခေါက်ဆွဲစတာတွေက အာဟာရဖြစ်စေပါတယ်။

(၂) ပရိုတင်း (အသားဓာတ်)
အသားဓာတ်က ခန္ဓာကိုယ်ကိုကြီးထွားစေပါတယ်။ အင်အားဓာတ်ကိုလည်းဖြစ်စေပါတယ်။ အဖြူရောင် အသားတွေဖြစ်တဲ့ ကြက်သား၊ ငါး၊ ဥအမျိုးမျိုးတွေ ဖြစ်ပါတယ်။ အခွံမာသီး၊ အစေ့အဆန်နဲ့ တိုဟူးတွေမှာလည်း ပရိုတင်းဓာတ်ပါဝင်ပါတယ်။

(၃) အဆီဓာတ်
အဆီဓာတ်ကလည်း ကောင်းတဲ့အဆီကို ရွေးချယ်ပြီး စားသင့်ပါတယ်။ ကောင်းတဲ့အဆီတွေက ဦးနှောက်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို အားပေးပါတယ်။ ဥပမာအားဖြင့် သံလွင်ဆီ၊ ပဲဆီ၊နှမ်းဆီ စတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တာအတွင်း ဒီလိုအာဟာရဖြစ်စေတဲ့ အစားအစာအုပ်စုကြီးသုံးခုကို မပါမဖြစ်ထည့်သွင်းစားပေးသင့်ပါတယ်။ ဒါ့အပြင် တခြားအာဟာရဓာတ်တွေရအောင် စားသင့်တာတွေလည်းရှိပါတယ်။

(၄) ဗီတာမင်နှင့် သတ္တုဓာတ်
သစ်သီးဝလံတွေမှာ ဗီတာမင်၊သတ္တုဓာတ်တွေအပြင် အမျှင်ဓာတ်နဲ့ဖိုင်တိုနျူးထရီးရန့်တွေပါဝင်လို့ ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးမှာလည်း ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်မှုရှိပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေစားပေးရင် ကယ်လ်ဆီယမ်ဓာတ်ပါဝင်တာကြောင့် အရိုးအဆစ်တွေကို သန်စွမ်းကျန်းမာစေပါတယ်။ ဒီအစားအသောက်တွေက ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးတွေအတွက် အထူးအာဟာရ ဖြစ်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top