Healthy Life Ad
Q & A

သွားတစ်သက်တာ ခိုင်မြဲစေဖို့ . . .

မေး။ ။ သွားတစ်သက်တာ ခိုင်မြဲစေဖို့ ဘယ်လိုအချက်တွေ လိုက်နာပေးရပါမလဲ ဆရာ။
ကိုလွင်၊ တွံတေး။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ သွားတစ်သက်တာ ခိုင်မြဲစေဖို့က ဂရုစိုက်ရပါမယ်။ ဂရုစိုက်ဖို့ဆိုရင် အိမ်မှာ သွားတိုက်တဲ့အလေ့ အကျင့်တွေကို စနစ်မှန်၊ နည်းမှန် အသုံးပြုတဲ့ အလေ့အကျင့်ရှိရပါမယ်။ တစ်နေ့ နှစ်ကြိမ် သွားတိုက် ပေးရပါမယ်။ သွားဆရာဝန်ဆီကို ခြောက်လတစ်ကြိမ် သွားပြပြီး လိုအပ်တာတွေကို စမ်းသပ်စစ်ဆေးကုသ မှုခံယူပေးရပါမယ်။ သွားကောင်းစေနိုင်တဲ့ အစားအစာတွေဖြစ်တဲ့ ကယ်လ်စီယမ်ပါတဲ့ အစားအသောက်တွေကိုစားရမယ်။ အရက်၊ ကွမ်း၊ ဆေးလိပ် စတာတွေ ရှောင်ရမယ်။ မာတဲ့အစာ၊ ချဉ်တဲ့အစာနဲ့ ပါးစပ်ထဲလက်ထည့် ကိုက်တာ၊ ပုလင်းဖုံးဖွင့်တာတွေ ရှောင်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top