Healthy Life Ad
Health Tips

အိမ်ရှင်မတို့ ဈေးဝယ်ရာတွင် ထည့်သင့်သည့် အမျိုးအမည် ငါးမျိုး

၊ ငွေကြယ်စင်ယံ ၊

မီးဖိုချောင်ထဲချက်ပြုတ်စားသောက်ရာမှာ အဆီပိုတွေလျော့ကျစေပြီး ကျန်းမာရေးပိုကောင်းလာစေမယ့်အရာတွေကို ဈေးဝယ်စာရင်းထဲ ထည့်သင့်ပါတယ်။ အပြင်စာစားတာထက် အိမ်မှာချက်ပြုတ်စားသောက်တာကြောင့် ကျန်းမာရေးကိုပိုကောင်းစေမှာပါ။

(၁) ရှလကာရည်
ရှလကာရည်ဟာ ဟင်းရွက်သုပ်တွေ၊ ဆယ်လ် မွန်ငါးဟင်းတွေထဲကို ထည့်ရင် အနံ့အရသာကို ပိုကောင်းမွန်စေသလို ခန္ဓာကိုယ်မှာ အဆီပိုတွေ ကပ်ငြိမှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၂) အရေခွံမပါ၊ အရိုးမပါသော ကြက်ရင်အုံသား
အရေခွံနဲ့ အရိုးမပါတဲ့ ကြက်ရင်အုံသားကို ရေခဲသေတ္တာ အအေးခန်းထဲ ထည့်ပြီး ညစာစားတဲ့ အခါတွေမှာ ဟင်းရွက်တွေနဲ့ ပြင်ဆင်ချက်ပြုတ်ကာ စားပါ။ ပရိုတင်းဓာတ်အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေပါတယ်။

(၃) ဒိန်ချဉ်
ဒိန်ချဉ်မှာ ပရိုတင်းဓာတ်ပါတဲ့အပြင် ကယ်လ်စီယမ်ဓာတ်ကိုလည်း ရရှိတာကြောင့် အရိုးအဆစ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၄) အခွံမာသော အစေ့အဆန်များ
သီဟိုဠ်စေ့၊ သစ်ကြားသီး၊ ဗာဒံစေ့နဲ့ တခြားအစေ့အဆန်တွေကို ဟင်းရွက်သုပ်ထဲမှာဖြူးပြီးစားပေးပါ။ အာဟာရဓာတ်ကို ပိုမိုရရှိစေပါတယ်။

(၅) ဥအမျိုးမျိုး
ပရိုတင်းဓာတ်အပြည့်အဝပါတဲ့ ဥအမျိုးမျိုးကို အသားမပါတဲ့ ဟင်းလျာတွေ ပြင်ဆင်ရာမှာ ထည့်ပါ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ရောကြော် တာမျိုးလုပ်ပေးရင် အာဟာရတန်ဖိုးကို ပိုတိုးစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top