Healthy Life Ad
Health Tips

တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေချိန် သက်သာစေမည့် အစာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲမှု ဝေဒနာခံစားရချိန်မှာ ရွေးချယ်စားသင့်တဲ့ အစားအသောက်တွေကို ရေးသားလိုက်ပါတယ်။

ချင်း(ဂျင်း)
ချင်း(ဂျင်း)ကို ဗိုက်အောင့်တာ၊ ပျို့ချင်အန်ချင်တာ၊ မူးဝေတာစတဲ့ ပြဿနာတွေမှာ သုံးခဲ့ကြတာကြာပါပြီ။ နာကျင်ကိုက်ခဲနေချိန်မှာ လက်ဖက်ရည်ကြမ်းထဲ၊ ဟင်းလျာတွေထဲ ထည့်ပေးရင် ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းရှိပါတယ်။

ဟင်းခတ်အမွှေးအကြိုင်အပင်များ
ဟင်းလျာတွေထဲ ထည့်စားရတဲ့ သစ်ကြားပိုးခေါက်၊ ငရုတ်ကောင်း၊ ပင်စိမ်းတို့လို ဟင်းခတ် အမွှေးအကြိုင်တွေက ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့် နာကျင်မှုခံစားရချိန်မှာ ထည့်စားသင့်ပါတယ်။

ဆယ်လ်မွန်ငါး
အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တဲ့ ဆယ်လ်မွန်ငါးမှာ ပရိုတင်းဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင်ပါတယ်။ နာကျင်နေတဲ့ အဆစ်တွေကို ပျော့ပျောင်းသက်သာစေတဲ့ အစွမ်းရှိလို့ပါ။

ဘလက်ကော်ဖီ
ဘလက်ကော်ဖီတစ်ခွက်ဟာ ခေါင်းကိုက်တာကိုသက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်လို့ပါ။ ဘလက်ကော်ဖီကို သောက်တာက ကင်ဆာ တချို့ရဲ့ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ လေ့လာမှုငယ်တွေက ဆိုပါတယ်။

လက်ဖက်စိမ်းလက်ဖက်ရည်
လက်ဖက်စိမ်းလက်ဖက်ရည်မှာ ပိုလီဖီနောဓာတ်တွေ အများအပြားပါဝင်နေတာကြောင့် ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို လျော့ပါးစေပါတယ်။

သံလွင်ဆီ
သံလွင်ဆီမှာ အစွမ်းထက် ရောင်ရမ်းမှု ကျစေတဲ့အာနိသင်ရှိပါတယ်။ သံလွင်ဆီကို ဟင်းရွက်သုပ်တွေထဲ ထည့်စားရင် လေဖြတ်တာနဲ့ ကင်ဆာရောဂါတချို့ရဲ့ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top