Healthy Life Ad
Health Tips

စူပါ အစားအစာ သုံးမျိုး

၊ လရိပ်မေ ၊

အာဟာရဓာတ် ၁၇ မျိုး ပါဝင်တဲ့ စူပါ အစားအစာစာရင်းမှာ မြန်မာနိုင်ငံမှာ လွယ်လင့်တကူရနိုင်တဲ့ သဘာဝ အစာသုံးမျိုး ပါဝင်နေပါတယ်။

(၁) တရုတ်နံနံ
ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်ကေတို့ ပါဝင်မှုများပြီး သံဓာတ်၊ ကယ်လ်စီယမ်၊ ပရိုတင်းဓာတ်နဲ့ ပိုတက်စီယမ်များများပါတဲ့ တရုတ်နံနံပင်က သွေးဖိအားကို ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။ လှီးဖြတ်ထားတဲ့ တရုတ်နံနံပင် နှစ်ခွက်စာ ပမာဏမှာ ၃၅ကယ်လိုရီပါဝင်ပြီး ခေါက်ဆွဲကြော်ထဲ ထည့်စားတာ ဒါမှမဟုတ် အဆီနည်းကြက်စွပ်ပြုတ်ထဲ ထည့်စားတာတို့ လုပ်သင့်ပါတယ်။

(၂) ငရုတ်ပွသီး
ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စေဖို့ ခရမ်းချဉ်သီး၊ သံပရာသီး၊ ရွှေဖရုံသီးတို့က အသုံးဝင်တဲ့ အပြင်ဗီတာမင်စီနဲ့ ဗီတာမင်အေနှစ်မျိုးစလုံး များစွာပါဝင်တဲ့ငရုတ်ပွသီးအနီကလည်း အလွန်အရေးပါတာကို တွေ့ရပါတယ်။

(၃) ရွှေဖရုံသီး
ရွှေဖရုံသီးတစ်ခွက်စာပမာဏမှာ ၅၀ကယ်လို ရီပဲပါပြီး ဗီတာမင် အေ၊ စီ၊ ဘီ၊ အီး၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တို့များစွာပါဝင်ပါတယ်။ ရွှေဖရုံသီးစား ပြီးရင်အစေ့ကိုလွှင့်မပစ်ပါနဲ့။ ရွှေဖရုံစေ့မှာပရိုတင်း ဓာတ်ပါဝင်တဲ့အတွက်လှော်ပြီး စားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top