Healthy Life Ad
Life Style

အမျိုးသားတို့ ကြက်သွန်ဖြူစားလျှင် ရရှိမည့် အကျိုးကျေးဇူး သုံးရပ်

ကိုမိုး

ကြက်သွန်ဖြူက လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာ သင်သိပြီး ဖြစ်မှာပါ။ ကြက်သွန်ဖြူစားရင် ပါးစပ်နံတယ်ဆိုပေမယ့် သင့်အမျိုးသား စားရင် မဟန့်တားလိုက်ပါနဲ့။ ကြက်သွန်ဖြူစားတာကြောင့် အမျိုးသားတွေရရှိနိုင်တဲ့ သီးသန့် အကျိုးကျေးဇူး သုံးမျိုး ရှိနေလို့ပဲ ဖြစ်ပါတယ်။

(၁) ဆီးကျိတ်ကင်ဆာ ကာကွယ်မှု
လေ့လာမှုတွေအရ ကြက်သွန်ဖြူကို ပုံမှန်စားတာကြောင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေကြောင်း လေ့ လာမှုတွေအရ သိရပါတယ်။ ကြက်သွန်ဖြူက ဆီးကျိတ်ကင်ဆာဆဲလ်ကြီးထွားမှု ကို နှေးကွေးစေကြောင်း လေ့လာမှုအများအပြားက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်အရ ကြက်သွန်ဖြူကို များများစားတဲ့ အမျိုးသားတွေ က ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း လျော့ကျနေကြောင်း သိရပါ တယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်စားတာက ကင်ဆာကာကွယ်ပေးတဲ့ ကောင်းကျိုးကို ရရှိစေပါတယ်။

(၂) နှလုံးကို ကျန်းမာစေခြင်း
ကြက်သွန်ဖြူမှာ ပါတဲ့ ဒြပ်ပေါင်းတွေက ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ်အဖြစ် ကူးပြောင်းပြီး သွေးကြောတွေကို အနားရစေကာ သွေးစီးဆင်းမှုနဲ့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ လေ့လာမှုအရ ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ်ဟာ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး နှလုံးရောဂါထမှု(Heart Attack) ကိုပါ ကာကွယ်ပေးကြောင်း သိရပါတယ်။ ကြက်သွန်ဖြူ မစားတဲ့အမျိုးသားတွေနဲ့ ယှဉ်ရင် ကြက်သွန်ဖြူစားသူတွေက သွေးကြောထဲမှာ သွေးခဲဖတ်ပိတ်ဆို့မှု ၅၀ ရာခိုင်န်း နှေးကွေးကြောင်း လေ့လာမှုတစ်ရပ်အရ တွေ့ရပါတယ်။

(၃) အမျိုးသား မစွမ်းဆောင်နိုင်မှုကို ကုသပေးခြင်း
ကြက်သွန်ဖြူက တက်စတိုစတီရုန်း ကျားဟော်မုန်းအဆင့်ကို တိုးစေပြီး သွေး လှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် မစွမ်းဆောင်နိုင်မှုကို သက်သာ စေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top