Healthy Life Ad
Health Tips

သင့်ကို အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ လျှော့ချပေးမည့် အစာသုံးမျိုး

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အူမကြီးကင်ဆာဟာ အမေရိကန်မှာ ကင်ဆာကြောင့် ဒုတိယသေဆုံးစေတဲ့ရောဂါ ဖြစ်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေလျော့ကျစေဖို့ အနီရောင်အသားနဲ့ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေကို လျှော့စားပါ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံးစာကို စားပေးပါ။ ဒါ့အပြင် ကင်ဆာဖြစ်နိုင်ခြေ လျော့ကျစေဖို့ အောက်ပါအစာတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

နွားနို့သောက်ခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၂၂ရာခိုင်နှုန်း လျော့ကျစေနိုင်
တစ်နေ့ နွားနို့နှစ်ခွက်နဲ့အထက် သောက်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၂၂ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ လေ့လာမှု ၂၇ ခုအား သုံးသပ်ဖော်ပြထားပါတယ်။

ပဲပုပ်စေ့စားခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၈ ရာခိုင်နှုန်း လျော့ကျစေနိုင်
တစ်နေ့ ပဲပုပ်စေ့နဲ့လုပ်ထားတဲ့အစာ ငါးဂရမ်ခန့်စားတာကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ရှစ်ရာခိုင်နှုန်းလျော့ကျစေပါတယ်။ ပဲပုပ်စေ့မှာပါတဲ့ စပင်ဂါဒင်းဆိုတဲ့ သဘာဝအဆီမော်လီကျူးဟာ အူမကြီးကင်ဆာဆဲလ်တွေကို အဆိပ်သင့်စေလို့ပါ။

ကြက်သွန်ဖြူစားခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ၃၁ ရာခိုင်နှုန်း လျော့ကျစေနိုင်
အင်တီအောက်ဆီးဒင့်ပါဝင်မှုများတဲ့ ကြက်သွန်ဖြူကို တစ်ပတ် ငါးဥခန့် စားပေးတာကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၃၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top