Healthy Life Ad
Humour

အဲ့နေရာတော့ မဖြစ်ဘူး

သူငယ်ချင်းနှစ်ယောက် တောထဲလမ်းလျှောက်နေစဉ် တစ်ယောက်ရဲ့တင်ပါးကို မြွေကိုက်သွားသည်။ ကျန်တစ်ယောက်က ဆရာဝန်ထံသို့ ဖုန်းဆက်အကူအညီတောင်းလေသည်။

“ စိတ်ကိုအေးအေးထားပါ. . . အရင်ဦးဆုံး မြွေကိုက်တဲ့နေရာကို ရေနဲ့သေချာဆေးပြီး အဆိပ်တွေကုန်သွားအောင် ပါးစပ်နဲ့ စုပ်ထုတ်ပေးလိုက်ပါ. . . ပြီးရင် ဒဏ်ရာနေရာကို အဝတ်စနဲ့ပတ်ပြီး ဆေးခန်းကိုမြန်မြန် လာခဲ့လိုက်ပါ”

ဖုန်းချပြီးနောက် မြွေကိုက်ခံရသူက-

“သူငယ်ချင်းဆရာဝန်က ဘာပြောလဲဟင်”

“မင်းက သေမှာပဲတဲ့”

Most Popular

Healthy Life Ad
To Top