Healthy Life Ad
Life Style

မီးဖိုချောင်သုံးပစ္စည်းများဖြင့် အသားဖြူအောင် ပေါင်းတင်နည်း

၊ လရိပ်မေ ၊

မီးဖိုချောင်ထဲမှာရှိတဲ့ ပစ္စည်းတွေသုံးပြီး အသားဖြူဝင်းလှပအောင် မျက်နှာကိုပေါင်းတင်ပေးနိုင်ပါတယ်။

– နွားနို့၊ သံပုရာရည်ဖြင့် ပေါင်းတင်နည်း
ဂျုံမှုန့် ထမင်းစားဇွန်းတစ်ဇွန်း၊ နွားနို့ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ သံပုရာရည်အစက်နှစ်စက်တို့ကိုရောပြီး မျက်နှာကိုလိမ်းပါ။ အချိန် ၁၅မိနစ်ကြာမှ ရေနဲ့ဆေးချလိုက်ပါ။ လေးပတ်ကြာတဲ့အထိ နေ့စဉ်ပေါင်းတင်ပေးပြီး နောက်ပိုင်းမှာ တစ်ပတ်တစ်ကြိမ် ပေါင်းတင်ပေးနိုင်ပါတယ်။

– ခရမ်းချဉ်သီး၊ သံပုရာရည်ဖြင့် ပေါင်းတင်နည်း
ကြိတ်ချေထားတဲ့ ခရမ်းချဉ်သီးတစ်လုံးကို သံပရာရည် နှစ်စက်- သုံးစက်ရောထည့်ပြီးမွှေကာ မျက်နှာပေါ်လိမ်းပါ။ မိနစ် ၂၀ကြာမှ ရေနဲ့ ဆေးချလိုက်ပါ။ ဒီနည်းကို တစ်နေ့နှစ်ကြိမ်ပြုလုပ်ပြီး ၁၅-၂၀ရက်ကြာတဲ့အခါ သိသာတဲ့အကျိုးကျေးဇူးကို တွေ့ရပါလိမ့်မယ်။

– ဂျုံမှုန့်နှင့် ခရမ်းချဉ်သီးဖြင့် ပေါင်းတင်နည်း
ဂျုံမှုန့်၊ ဒိန်ခဲနဲ့ ခရမ်းချဉ်သီးအရည်တို့ကိုရောပြီး မျက်နှာပေါ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ကြာမှ ရေအေးနဲ့ဆေးချလိုက်ပါ။ အရေပြားပေါ်က နေလောင်ဒဏ်ရာတွေကိုကင်းစင်စေပြီး အသားအရေကိုတောက်ပစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top