Healthy Life Ad
International

လျှာပေါ်က အဖုသေးကို သာမန်ပြည်တည်နာဟုသာ ထင်ခဲ့သော်ငြား ကင်ဆာဖြစ်နေသဖြင့် မေးရိုးတစ်ခုလုံးဖြတ်ထုတ်လိုက်ရသူအမျိုးသမီး

၊ မိုးမင်းထွန်း ၊

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမှ အသက် ၄၅နှစ်အရွယ် ဂျော်ဂျီနာကော့ကောရစ်စ်က ကိုယ်ဝန်ဆောင် ၁၈ပတ်အရွယ်ရှိနေချိန်မှာ ပါးစပ်ထဲမှာ အဖုတစ်ခုကို သတိထားမိခဲ့ပါတယ်။ သာမန်ပြည်တည်နာလို့သာ ထင်ခဲ့ပေမယ့် အရေပြားကင်ဆာတစ်မျိုးဖြစ်နေတာကို သိရှိခဲ့ရပါတယ်။

ဆရာဝန်တွေက သူ့အသက်ရှင်အောင် ကလေးဖျက်ချဖို့ တိုက်တွန်းခဲ့ပေမယ့် သူကလက်မခံခဲ့ပါဘူး။ ဂျော်ဂျီနာက ခွဲစိတ်မှုနဲ့ ဓာတ်ရောင်ခြည်ကု ထုံးခံယူဖို့ရွေးချယ်ခဲ့ပါတယ်။ ဓာတ်ရောင်ခြည်ခံယူစဉ်မှာ ကိုယ်ဝန်ကိုမထိခိုက်အောင် ဗိုက်ကိုသံအကာ ကာထားပြီး ခံယူခဲ့ရပါတယ်။ လျှာအစိတ်အပိုင်းတချို့ကို လှီးထုတ်ခဲ့ရတာကြောင့် အစားကောင်းကောင်း မစားနိုင်တော့ဘဲ ပိန်လာပြီး ကလေးကို မွေးရက်မတိုင်ခင် ၆ပတ်အလိုမှာ အရေးပေါ် ဗိုက်ခွဲမွေးခဲ့ရပါတယ်။ သမီးမိန်းကလေးရခဲ့ပြီး ကလေးက ကျန်းမာရေးကောင်းတယ်လို့ သိရပါတယ်။

သူရဲ့ကင်ဆာက မသက်သာတာကြောင့် ဆရာဝန်တွေက မေးရိုးတစ်ခုလုံးကို ဖယ်ရှားခဲ့ရပါတယ်။ ခွဲစိတ်မှုကြောင့် လပေါင်းအတော်ကြာမစားနိုင်၊ စကားမပြောနိုင် ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ အရှုံးမပေးတဲ့ ဂျော်ဂျီနာဟာ စကားပြန်ပြောနိုင်ခဲ့ပြီး အစားကိုတော့ ရေလုံပြုတ်တွေသာ စားနိုင်တော့တယ်လို့သိရပါတယ်။ မေးရိုးခွဲစိတ်မှုကြောင့် မျက်နှာပုံပျက်သွားပေမယ့် ဘဝကို စိတ်ဓာတ်မကျဘဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top