Healthy Life Ad
Life Style

ဆီးကျိတ်ဂလင်း အန္တရာယ်ပြုအစာများ

၊ ကိုမိုး ၊

အောက်ပါအစာတွေက ဆီးကျိတ်ကို ထိခိုက်စေနိုင်ပါတယ်။

– အနီရောင်အသား
အနီရောင်အသားမှာ ပရိုတင်းဓာတ် ပါဝင်တာမှန်ပေမယ့် များများစားရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေတိုးစေတယ်လို့ လေ့လာမှုအမျိုးမျိုးက ဆိုပါတယ်။ အပူရှိန်ပြင်းပြင်းပေးထားတဲ့ အနီရောင်အသားစားရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို ၁၂ ရာခိုင်နှုန်းမြင့်တက်စေနိုင်ပါတယ်။

– ပြုပြင်ထားသည့်အသား
ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း စတဲ့ပြုပြင်ထားတဲ့ အသားတွေက ဆီးကျိတ်ပြဿနာကို ဖြစ်စေနိုင်ပါတယ်။

– စည်သွပ်ဘူးထဲက ခရမ်းချဉ်သီးအနှစ်
ခရမ်းချဉ်သီးမှာ ကင်ဆာကိုတွန်းလှန်ပေးတဲ့ လိုင်ကိုပင်းဓာတ်ပါဝင်မှုများတာကြောင့် ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ စည်သွပ်ဘူးထဲက ခရမ်းချဉ်သီးဟင်း အနှစ်တွေကတော့ ကင်ဆာဖြစ်စေတဲ့ BPA ထွက်နှုန်း တိုးစေတာကြောင့် ရှောင်သင့်ပါတယ်။

– အဆီများ နို့နှင့် နို့ထွက်ပစ္စည်းများ
နွားနို့၊ ဒိန်ခဲ၊ ထောပတ်စတဲ့ အဆီများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေက ဆီးကျိတ်ကင်ဆာဖြစ်နှုန်းကို မြင့်တက်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါတွေက ဟော်မုန်းမမျှတမှုကို ဖြစ်စေတာကြောင့်ပါ။

– အဖြူရောင်သကြား
အဖြူရောင်သကြားကို များများစားတာကြောင့် အထွေထွေကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဆေးသကြားကလည်း ဆီးကျိတ်အပါအဝင် တစ်ကိုယ်လုံးမှာ ကင်ဆာဖြစ်နှုန်းကို မြင့်တက်စေပါတယ်။

– ပြည့်ဝဆီ
ပြည့်ဝဆီပါဝင်မှုများတဲ့ အဆင်သင့်အစာတွေက နှလုံးရောဂါဖြစ်နှုန်းသာမက ဆီးကျိတ်ကင်ဆာဖြစ်နှုန်းကို တိုးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top