Healthy Life Ad
Q & A

တမာရွက်ပြုတ်စားသင့်သလား

မေး။ ။ အခုအချိန် တမာရွက်ပြုတ်တွေပေါတော့ ကျွန်မတို့ ထမင်းနဲ့ငပိရည်၊ ခရမ်းချဉ်သီးချက်တွေနဲ့ တို့စား ကြပါတယ်။ တမာရွက်ပြုတ်က ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးရှိပါသလဲ။

မဝင်းမေ၊ မန္တလေး။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ တမာရွက်က အခါးဓာတ်နည်းနည်းပါပေမယ့် အင်တီအောက်ဆီးဒင့် ပါဝင်မှုများပါတယ်။ အသားအရေနဲ့ အရေပြားကို ကောင်းစေတဲ့အတွက် လိမ်းဆေးတွေ၊ ဆပ်ပြာတွေတောင် လုပ်ကြပါတယ်။ ဒါပေမဲ့ တမာရွက်က တခြားအရွက်တွေနဲ့စာရင် ကယ်လိုရီပါဝင်မှု ပိုများတဲ့အတွက် များများစားလိုက်ရင် အိပ်ချင်တယ်။ တမာရွက်ကိုပြုတ်ပြီး တို့စားတာအပြင် တချို့က သုပ်စားကြတယ်။ တမာရွက်က ခါးတဲ့ အတွက်ကြောင့် သုပ်စားတဲ့အခါ မြေပဲ၊ ပုစွန်ခြောက်မှုန့် စတာတွေ ပိုထည့်တဲ့အတွက် အရသာများတဲ့အပြင် ကယ်လိုရီလည်း နည်းနည်း များသွားပါတယ်။ အဲဒီအတွက် အိပ်ငိုက်တတ်တယ်။

ကောင်းကျိုးက အင်တီအောက်ဆီးဒင့် ရရှိစေပါတယ်။ အသားအရေကို လှပစေပါတယ်။ ဝမ်းချုပ်တဲ့သူတွေမှာ တမာရွက်စားရင် ဝမ်းပုံမှန်သွားစေပါတယ်။

Most Popular

Healthy Life Ad
To Top