Healthy Life Ad
Health Tips

သိပ္ပံနည်းကျသက်သေပြထားသည့် စိတ်ဖိစီးမှုလျှော့ချရေး အလေ့အထများ

၊ ငွေကြယ်စင်ယံ ၊

ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှုဆိုတာ မလွှဲမရှောင်သာ ကြုံကြိုက်ရတဲ့အရာပါ။ စိတ်ဖိစီးမှုဒဏ်ခံရရင် ကြာလာတဲ့အခါ ကိုယ်ရောစိတ်ပါပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။ ဒါကြောင့် သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိထားတဲ့ စိတ်ဖိစီးမှုလျော့ကျရေး အလေ့အထတွေကိုလုပ်ဆောင်သင့်ပါတယ်။

ဇာထိုးပန်းထိုးလုပ်ခြင်း
လက်ကို ထပ်ခါထပ်ခါလှုပ်ရှားရတဲ့ ဇာထိုးပန်းထိုးဝါသနာဟာ စိတ်ကိုတည်ငြိမ်စေတယ်လို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ ချည်လုံးနဲ့ဇာထိုးပန်းထိုးအပ်ကိုကိုင်ပြီး ထပ်ခါထပ်ခါ လှုပ်ရှားရတာကြောင့် စိတ်ဖိစီးမှုနဲ့ ရုပ်ဖိစီးမှုကို သိသိသာသာလျော့ကျစေပါတယ်။ လှပတဲ့အရာပုံပေါ်အောင် ဖန်တီးရတာကြောင့် သင့်ကိုပျော်ရွှင်ပြီး စိတ်ကျေနပ်မှုရရှိစေတာလည်း အမှန်ပါပဲ။

စာထဲ ချရေးခြင်း
ဒိုင်ယာရီစာအုပ်ထဲချရေးတာက ဆယ်ကျော်သက်တွေအတွက်သာမက လူကြီးတွေအတွက်လည်း စိတ်ဖိစီး မှုပြေလျော့စေတဲ့အချက်ပါ။ ပူပင်သောက၊ စိုးရိမ်ကြောင့်ကြမှု စတဲ့အတွေးတွေကို စာထဲချရေးလိုက်တာကြောင့် စိတ်ဖိစီးမှု လျော့ကျစေပါတယ်။

စာဖတ်ခြင်း
စာရေးတာထက် စာဖတ်ပေးရင်လည်း စိတ်ဖိစီးမှုကို တွန်းလှန်ပေးနိုင်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုအရ အချိန် ခြောက်မိနစ်ခန့် စာဖတ်ရင် စိတ်ဖိစီးမှုရဲ့ သုံးပုံနှစ်ပုံခန့် လျော့ကျစေတယ်လို့သိရပါတယ်။ နှလုံးခုန်မြန်တာနဲ့ ကြွက်သားတောင့်တင်းမှုတွေလို ဖိစီးမှုလက္ခဏာတွေကိုလည်း သက်သာစေပါတယ်။

တောင်တက်ခြင်း
တောင်တက်တဲ့အခါ သဘာဝပတ်ဝန်းကျင်ကိုကြည့်ရတဲ့အရသာလောက် ကြည်နူးစရာကောင်းတာမရှိပါဘူး။ တောင်တက်တာက အဆိုးမြင်အတွေးတွေကို ထပ်ခါတလဲလဲတွေးနေမိတဲ့ခံစားချက်ကို လျော့ပါးစေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ အပြင်ထွက်ရတာကြောင့် ဗီတာမင်ဒီ အလုံအလောက်ရရှိမှာဖြစ်သလို စိတ်ခံစားချက်ကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

ကခုန်ခြင်း
ကခုန်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်ပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ကခုန်တာက သင့်ခန္ဓာကိုယ်ကို ပျော်ရွှင်မှုဟော်မုန်းတွေ စီးဆင်းစေတာကြောင့် ဖြစ်ပါတယ်။

ယောဂကျင့်ခြင်း
လူအများစုဟာ ယောဂကျင့်တာကြောင့် စိတ်ဖိစီးမှု အဆင့်လျော့ကျတယ်လို့ဆိုကြပါတယ်။ ယောဂကျင့်တာ ကြောင့် သင့်ကိုပိုမိုသန်စွမ်းပျော့ပျောင်းစေပြီး စိတ်နဲ့ကိုယ်ကိုလန်းဆန်းစေပါတယ်။ စိတ်ဓာတ်ကျတာကနေ အသက်ရှူရခက်ခဲတဲ့ ဝေဒနာအထိ သက်သာစေပါတယ်။

သစ်ပင်စိုက်ခြင်း
စိမ်းလန်းတဲ့သစ်ပင်တွေကို စိုက်ပျိုးပေးတာကြောင့် စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။ ဆေးဖက်ဝင်အပင်ငယ် တွေကို စိုက်ပျိုးပေးရင် စိတ်အပန်းပြေပြီး လန်းဆန်းနေစေပါတယ်။

ဟင်းချက်ခြင်း
ဟင်းချက်တာကို ဝါသနာပါတယ်ဆိုရင် အရသာရှိပြီး ထူးထွေဆန်းပြားတဲ့ ဟင်းလျာတွေကို ချက်ပြုတ်စား သောက်လိုက်ပါ။ အဲဒီလိုဟင်းလျာဆန်းတွေကို ချက်ပြုတ်စားသောက်တာကြောင့် စိတ်ဖိစီးမှုကိုသက်သာစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top