Healthy Life Ad
Local

ရန်ကုန်ကလေးဆေးရုံကြီးတွင် အသည်း အစားထိုးကုသမှု လုပ်ဆောင်မည်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

လာမည့် မတ်လတွင် ရန်ကုန်ကလေးဆေးရုံ ကြီးသည် ဂျပန် Kyushu National university hospitalနှင့် ပူးပေါင်းပြီး ကလေး အသည်းကင်ဆာ ဝေနာရှင်တစ်ဦးအား အသည်းအစားထိုးကုသမှု ဆောင်ရွက်ရန် ပြင်ဆင်ကြိုးပမ်းနေကြောင်း ရန်ကုန် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ် စုစုဒွေးက ပြောကြားသည်။

”အသည်းအစားထိုးတာကို ဂျပန်မှာသွားပြီး ကလေးဆေးရုံကြီးက ဆရာဝန်အဖွဲ့တွေ သွားရောက်လေ့လာတာ နှစ်ခါရှိပါပြီ။ ၂၀၁၈ ခုနှစ်မတ်လမှာ အသည်းကင်ဆာ ဝေဒနာရှင်ကလေးတစ်ယောက်ကို ခေါ်သွားပြီး ဂျပန်မှာ အသည်းအစားထိုး ကုသမှုဆောင်ရွက်ပါမယ်။ ဆောင်ရွက်တဲ့အခါ အသည်းအစားထိုးကုသမှု အသင်းအဖွဲ့ (Liver Transplant Team)က လိုက်သွားပြီး သေချာလေ့လာမှာ ဖြစ်ပါတယ်။”ဟု ဒေါက်တာဒေါ်စုစုဒွေးက ပြောသည်။

၂၀၁၈ ဇွန်လနှင့် ဇူလိုင်လတို့တွင် ရန်ကုန်က လေးဆေးရုံကြီး၌ ကလေးအသည်းအစားထိုးကုသမှုကို စတင်ပြုလုပ်ရန် ရည်မှန်းထားကြောင်းနှင့် လောလောဆယ်အချိန်တွင် အသည်းအစားထိုးပေးမည့် ကလေးလူနာကိုမူ ရွေးချယ်မှုမပြုလုပ်ရသေး ကြောင်းသိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top