Healthy Life Ad
Health Tips

အာဟာရပြည့်လိုလျှင် ကြက်ဥအနှစ် အရောင်ကို ကြည့်စားပါ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကြက်ဥအနှစ်ရဲ့အရောင်က ကြည့်လှတာ တစ်ခုတည်းလို့ မထင်ပါနဲ့။ ကြက်ဥအနှစ်ရဲ့အရောင်ကို ကြည့်စားဖို့ကလည်း အထူးအရေး ကြီးပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁၀ဝလောက်တုန်းက ကြက်ဥအနှစ်ရဲ့ အရောင်ဟာ သူ့မှာ ပါဝင်တဲ့ ကာရိုတီးနွိုက်ပမာဏကိုပဲ သက်ရောက်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ကာရိုတီးနွိုက်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်အေဖြစ်ပေါ်ဖို့ ကူညီတဲ့အရာဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် ကြက်ဥအနှစ်ရဲ့အရောင်က ရင့်လေလေ . . တစ်နည်း ပြောရရင် ဝါလေလေ . . အာဟာရဓာတ် ပါဝင်မှုပိုများလေလေ ဖြစ်ပါတယ်။

ကြက်ဥအနှစ်ရဲ့ အရောင်က ကြက်မဥ ဥတဲ့ အပေါ်မှာလည်း တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ ကြက်မက ကောက်နှံအခြေခံ အစားအစာကိုပဲ စားခဲ့ရင် သူဥတဲ့ ကြက်ဥအနှစ်အရောင်က ဖျော့နေပါလိမ့်မယ်။ ကြက်မရဲ့ အစာမှာ ပြောင်း၊ အပင်နဲ့ အင်းဆက်တွေ ပါဝင်ရင်တော့ ကြက်ဥအနှစ်အရောင်က လိမ္မော်ရောင်သမ်းနေမှာပါ။

ကြက်ဥအရောင်က ရင့်လေလေ . . ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်ပါဝင်မှု ပိုများလေလေဖြစ်နိုင်ပါတယ်။
တစ်ခါတလေ ရာသီဥတုအပြောင်းအလဲကြောင့်လည်း ကြက်ဥ အနှစ်ရဲ့ အရောင်က ဖျော့တော့နိုင်ပါတယ်။ ဆောင်းရာသီမှာ ကြက်မတွေက အစာနည်းနည်းပဲစားတာကြောင့် ကြက်ဥအနှစ် အရောင်က ပိုဖျော့နေတတ်ပါတယ်။ အများအားဖြင့် ကြက်ဥအနှစ် အရောင်က ဖျော့တယ်ဆိုရင် အရည်အသွေး မပြည့်မှီတဲ့ ကြက်ဥ လို့ ညွှန်းဆိုရာရောက်ပါတယ်။

(Ref; BS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top