Healthy Life Ad
Health Tips

ဗိုက်ထဲ အစာမရှိချိန် စားသင့်သည့် အစာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နံနက်စောစော ဗိုက်ထဲအစာမရှိချိန်မှာ စတင်စားပေးသင့်တဲ့ အကောင်းဆုံး အစာတွေ ကို ဖော်ပြပေးလိုက်ပါတယ်။


– အုတ်ဂျုံကွေကာ (Oatmeal)
နံနက်စာမှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့ အုတ်ဂျုံကွေကာကို စားပေးတာကြောင့် သင့်ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရောအဆင့်ကို သိသိသာသာ လျော့ကျသွားစေပါတယ်။


– ကြက်ဥ၊ ဘဲဥ
နံနက်စာအဖြစ် ကြက်ဥ၊ ဘဲဥတွေကို စားပေးတာကြောင့် နေ့စဉ် ကယ်လိုရီရယူမှုကို သိသိသာသာ လျော့ကျစေတယ်လို့ လေ့လာသူ တွေကဆိုပါတယ်။


– ဖရဲသီး
ဗိုက်ထဲ အစာမရှိချိန်မှာ ဖရဲသီးစားပေးတာကြောင့် သင့်ကို အရည်ဓာတ် အလုံအလောက် ရရှိစေပါတယ်။ လိုင်ကိုပင်းဓာတ် မြင့်မားစွာ ပါဝင်တာကြောင့် မျက်စိနဲ့ နှလုံးကျန်းမာစေပါတယ်။


– ဘလူးဘယ်ရီသီး
လတ်တလောလေ့လာမှုအရ ဘလူးဘယ်ရီသီးတွေကို ပုံမှန်စားပေးတာကြောင့် မှတ်ဉာဏ်ကောင်းမွန်စေပြီး သွေးဖိအားနဲ့ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးပါတယ်။


– အညိုရောင် ပေါင်မုန့်
အညိုရောင်ပေါင်မုန့်မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ တခြားအာဟာရဓာတ်တွေက ခန္ဓာကိုယ်အတွက်မရှိမဖြစ် အရေးကြီးပါတယ်။ နံနက်စောစောမှာ စားပေးရင် အကောင်းဆုံး ဖြစ်ပါတယ်။


– အခွံမာစေ့
အခွံမာစေ့တွေကို နံနက်စာအဖြစ်စားပေးရင် အစာခြေလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်က စံ အဆင့်ကို ပုံမှန်ဖြစ် စေပါတယ်။


– ပျားရည်
ပျားရည်ဟာ နံနက်ခင်းမှာ သင့်ကို နိုးကြားစေတဲ့ အရာဖြစ်ပြီး သင့်ကိုယ်တွင်းစနစ်ကို စွမ်းအင်နဲ့ ခွန်အားပေးပါတယ်။ ပျားရည်က ဦးနှောက်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ဟော် မုန်းအဆင့်ကို မြင့်တက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top