Healthy Life Ad
Life Style

တစ်နေ့လုံး အလုပ်မှာ ဖိစီးမှုများခဲ့တယ်ဆိုရင် . .

၊ ငွေကြယ်စင်ယံ ၊

ဒီနေ့ခေတ်မှာ စိတ်ဖိစီးတာ၊ ပူပင်သောက များ တာ . . စတဲ့ စိတ်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါတွေကအဖြစ်များလာတာကြောင့် စိတ်ပင်ပန်းရတာတွေ ကင်းဝေးစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တေးဂီနားဆင်ပါ
သင့်အနေနဲ့ စိတ်ဖိစီးမှုများတဲ့အခြေအနေမှာ အနားယူပြီး အေးငြိမ့်တဲ့ တေးသီချင်းကို နားဆင်ပါ။ ငြိမ်းအေးတဲ့ တေးသံသာကို နားဆင်တာဟာ သွေးဖိ အားကျစေပြီး စိတ်ဖိစီးမှုဆိုင်ရာဟော်မုန်း ကော်တီ စောကို လျော့ကျစေပါတယ်။

(၂) သူငယ်ချင်းကို ခေါ်ပါ
သင့်အနေနဲ့ စိတ်တွေလေးလံထိုင်းမှိုင်းနေရင် အလုပ်ကနေအနားယူပြီး သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ကာ သင့်ပြဿနာတွေကိုရင်ဖွင့်ပြောဆိုပါ။ သူငယ်ချင်းတွေ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ကောင်းမွန်တဲ့ဆက် ဆံရေးရှိတာဟာ စိတ်ဖိစီးမှု လျော့ပါးစေတာကြောင့် ကောင်းမွန်တဲ့ ဘဝနေထိုင်မှုပုံစံပါပဲ။

(၃) ကောင်းကောင်းစားပါ
စိတ်ဖိစီးမှုအဆင့်နဲ့ ကောင်းမွန်တဲ့ အစားအသောက်စားတာက ဆက်စပ်နေတာကြောင့် သကြားများတဲ့၊ အဆီများတဲ့ အစာတွေကိုမစားဘဲ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အိုမီဂါသရီးပါတဲ့ငါး စတာတွေကို စားပေးပါ။

(၄) အသက်ဝ၀ရှူပါ
အသက်ပြင်းပြင်းမရှူဘဲတရားထိုင်ချိန်မှာလေ ကိုသက်သောင့်သက်သာပုံစံမျိုးနဲ့ပဲ ရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။ အသက်ရှူချိန်မှာ အဆုတ်ထဲလေ အပြည့်ရအောင် ပြည့်တင်းတဲ့အထိရှူပါ။

(၅) ရယ်မောပါ
ရယ်မောတာကြောင့် စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိမှုများစေပြီး စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစောနဲ့အဒရီနယ်လင်အဆင့်ကို လျော့ကျစေပါတယ်။ ရယ်မောတာကြောင့် ဦးနှောက်အာရုံကြောစနစ်ကို ပျော်ရွှင်စေကာ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ပါတယ်။

(၆) လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပါ
ကဖင်းဓာတ်များလွန်းရင် သွေးဖိအားကို ကမောက်ကမဖြစ်စေပြီး ဖိစီးမှု ဖြစ်စေတာကြောင့် လက် ဖက်စိမ်းလက်ဖက်ရည်ကို ပြောင်းသောက်ကြည့်ပါ။

(၇) အချိန်ပေးနိုင်သလောက် လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းလုပ်ရမယ်ဆိုလို့ အားကစားခန်း မမှာ အလေးပြားတွေမရမယ်၊ မာရသွန်အပြေးသ မားလိုပြေးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ရုံးခန်းထဲမှာ လမ်းလျှောက်တာ၊ အကြောဆန့်တာစတာ တွေကလည်း စိတ်ဖိစီးစရာကောင်းတဲ့ အခြေအနေ ကို ချက်ချင်း ပြေလျော့သွားစေပါတယ်။

(ဂ) အိပ်ရေးပျက်မခံပါနှင့်
စိတ်ဖိစီးနေရင် အိပ်ပျော်ဖို့ ခက်ခဲတာမှန်ပါတယ်။ အိပ်မပျော်ရင်လည်း စိတ်ဖိစီးမှုကို ဖြစ်စေ နိုင်တာကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ညမှာအချိန် ခုနစ်နာရီ၊ ရှစ်နာရီလောက်တော့ အိပ်ပေးသင့်ပါတယ်။

(၉) စိတ်ဖိစီးမှုသက်သာစေမည့်နည်း ရှာပါ
ဘဝမှာ ရှောင်လွှဲလို့မရနိုင်တဲ့ အရာထဲမှာ စိတ်ဖိစီးမှုလည်းအပါအဝင်ပါ။ စိတ်ဖိစီးမှုကြုံရမှာကိုတွေး ကြောက်မနေဘဲ ဘယ်နည်းလမ်းကသင့်ကို ဖိစီးမှု လျော့ပါးစေနိုင်သလဲဆိုတာ လေ့လာပြီး လုပ်ဆောင်ပေးပါ။

(၁၀) ဝါသနာပါသောအရာကို လုပ်ဆောင်ပါ
အားလပ်ချိန်မှာ ဝါသနာပါတဲ့ အပန်းဖြေမှုဖြစ်တဲ့ ပန်းချီဆွဲတာ၊ စာရေးတာ စတဲ့ နည်းလမ်း တစ်ခုခုကို လုပ်ဆောင်ပေးတာဟာ ဖိစီးမှုကို ပြေပျောက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top