Healthy Life Ad
Health Tips

အသည်းကို ဝန်ပိစေသော အစားအသောက်များ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အသည်းဆိုတာ ခန္ဓာကိုယ်ထဲက အဆိပ် အတောက်တွေကိုဖယ်ရှားပေးတဲ့ အင်္ဂါအစိတ် အပိုင်းတစ်ခုပါ။ အသည်းဟာ လုပ်ငန်းဆောင်တာ အမျိုးမျိုးလုပ်ပေမယ့် မလုပ်နိုင်တော့ဘူးဆိုတဲ့ အခါ နုံးချည့်ညောင်းညာတာ၊ စားချင်စိတ် ဆုံးရှုံး တာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ ပျို့အန်တာနဲ့ ဆီးအရောင်ရင့်ရင့်သွားတာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသည်းကို ဝန်ပိစေတဲ့ အစားအသောက်တွေကိုလည်း ဆင်ခြင်ရပါလိမ့်မယ်။

– ချိုသော အစာများ
အရောင်ချွတ်ထားတဲ့ သကြားပါ အစားအသောက်တွေကအသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိတ်မုန့်၊ သကြားလုံး၊ ဆော်ဒါ အချိုရည်စတာတွေကို ထိန်းချုပ်စားသင့်တာပါ။

– အဆင်သင့် အစာများ
အသည်းကျန်းမာချင်သလား၊ အဆင်သင့် အစာတွေကို သတိပြုဆင်ခြင်ပါ။ အဆင်သင့်အစာတစ်မျိုးဖြစ်တဲ့ ထပ်ပြန်ကြော်အစာတွေကို စားရင်အသည်းကို ထိခိုက်စေနိုင်ပါတယ်။

– ဆားကဲသော အစာများ
ဆိုဒီယမ်ပါဝင်မှုများတဲ့ အစားအသောက်တွေက နှလုံးကိုထိခိုက်စေပါတယ်။ ဒါ့အပြင် အသည်းကို ဝန်ပိစေတယ်ဆိုတာ သင်သိပါသလား။ ဆားကဲတဲ့ အဆင်သင့်အစာတွေကိုတတ်နိုင်သမျှလျှော့ပါ။

– အဆီများသော အစာများ
ပြောင်းလဲဆီ (Trans fat)တွေက ပါးစပ်ထဲ ထည့်ဖို့အဆိုးဆုံးအရာတွေပဲ ဖြစ်ပါတယ်။ ပြောင်းလဲဆီတွေက အဆင်သင့်အစားအသောက်တချို့မှာပါ ဝင်တတ်ပါတယ်။ ပြောင်းလဲဆီ အနည်းဆုံးပမာဏကတောင် အသည်းကို ထိခိုက်လွယ်စေနိုင်ပါတယ်။

– အချိုမှုန့်ပါသော အစာများ
အချိုမှုန့် (MSG)ပါတဲ့ အစာတွေက အရသာ ရှိတာမှန်ပေမယ့် ပမာဏများရင် အသည်းအတွက် မကောင်းပါဘူး။ အချိုမှုန့်များများ ပါတဲ့ အစာစားရင် ခေါင်းကိုက်တာ၊ ပန်းနာရင်ကျပ်ရောဂါထတာနဲ့ အူရောင်ရမ်းမှုဝေဒနာတွေ ဖြစ်တတ်ပါတယ်။

– အရက်သေစာများ
အရက်ကို အများကြီးသောက်ရင် အသည်းကို ထိခိုက်စေနိုင်ပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top