Healthy Life Ad
Men

ဝှေးစေ့ဖြတ်ရောင်းလိုက်ရင် ဘာဖြစ်နိုင်သလဲ . . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. ဒီနေ့ သိရတဲ့သတင်းက ဝှေးစေ့တစ်လုံး ၁၇သိန်း တန်တယ်ဆိုတာ ဟုတ်ပါသလား။ ဘယ်လို ရောင်းရတာပါလဲ။ကျွန်တော့်သူငယ်ချင်းက ငွေလိုလို့ ရောင်းချင်လို့ပါတဲ့။ ဝှေးစေ့ဖြတ်လိုက်ရင် ဆေးပညာအရ ဘာဖြစ်နိုင်ပါသလဲ ခင်ဗျ။
Minthit(FB)

A. ဝှေးစေ့တစ်လုံး ၁၇ သိန်းတန်တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်ထဲမှာ ဆရာတို့လည်း တွေ့မိပါတယ်။ ဒါပေမဲ့ တန်တယ်ဆိုပြီး ပြောတဲ့သူတွေပဲ ရှိပါသေးတယ်။ ဝယ်မယ်ဆိုတဲ့ သူတော့မတွေ့သေးပါဘူး။ ကောလဟာလဖြစ်ဖို့ များပါတယ်။ အမျိုးသားတွေမှာ ဝှေးစေ့က တစ်စုံ (နှစ်လုံး) ရှိပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေမှာ ဝှေးစေ့တစ်လုံး ဖယ်ထုတ်လိုက်ရပေမယ့်လည်း ကျန်တဲ့ ဝှေးစေ့တစ်လုံးကနေ သုက်ပိုးတွေ ပွားများနိုင်တဲ့အတွက် မျိုးပွားနိုင်တဲ့ အနေအထားရှိပါတယ်။

ဝှေးစေ့ နှစ်လုံး စလုံးထုတ်ရင်တော့ အရပ်အခေါ် သင်းတယ်လို့ ဆိုတယ်။ ဒါဆိုရင်တော့ အမျိုးသားဟော်မုန်း မထုတ်နိုင်တော့ပါဘူး။ အမျိုးသားရဲ့ မျိုးပွားဆိုင်ရာ လက္ခဏာတွေ လျော့ကျသွားပါတယ်။ ဝှေးစေ့တစ်လုံးကို ထုတ်လိုက်ရင်တော့ နောက်တစ်လုံး ကျန်ခဲ့တဲ့အတွက် ဘာမှ ထွေထွေထူးထူး ပြောင်းလဲမှု မရှိပါဘူး။ ဝှေးစေ့နှစ်လုံး ထုတ်လိုက်ရင်တော့ အမျိုးသားဟော် မုန်းထုတ်လုပ်မှု ကျဆင်းသွားပြီး အမျိုးသားဆိုင်ရာ စွမ်းဆောင်မှု မရှိတော့တဲ့အပြင် ပြင်ပသဏ္ဍာန်မှာလည်း အမျိုးသားဆိုင်ရာ လက္ခဏာတွေလည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top