Healthy Life Ad
Life Style

ကျောက်ကပ်ဝေဒနာရှင်များနှင့် အာဟာရ (၄)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ပုံမှန်ကောင်းနေတဲ့ လူတိုင်းလူတိုင်းက တစ်ရက်ကို ဆားလက် ဖက်ရည်ဇွန်းတစ်ဇွန်းလောက်ပဲ စားသင့်ပါတယ်။ ဒါပေမဲ့ လှုပ်ရှား မှုများတဲ့သူတွေက ချွေးထွက်တဲ့အတွက် ဆိုဒီယမ်တွေ ဆုံးရှုံးသွားပါတယ်။ အလုပ်များများလုပ်တဲ့ သူတွေက ဆားပိုပြီး လိုအပ်ပါတယ်။ ကွန်ပျူတာရှေ့ထိုင်ပြီး နေရတဲ့သူတွေကတော့ ဆားပို မလိုပါဘူး။

ကျောက်ကပ်ဝေဒနာရှင်တို့အတွက် အစားအသောက်ပုံစံ (၁)

– နံနက်စာ

(၁) ထမင်းပန်းကန် တစ်လုံး ၁၀ဝ ဂရမ်၊

(၂) ကြက်ဥတစ်လုံး၊

(၃) ပဲပြုတ် ၅၀ ဂရမ်+ဆီဆမ်း၊

(၄) လက်ဖက်ရည် တစ်ခွက်

– နေ့လယ်စာ

(၁) ထမင်းပန်းကန် တစ်လုံး ၁၀ဝ ဂရမ်၊

(၂) ကြက်သား ၃ ကျပ်သား၊

(၃) ဟင်းချိုရည် တစ်ခွက်၊

(၄) အသီးအရွက်ကြော် တစ်ခွက်၊

(၅) သစ်သီး တစ်လုံး

– သရေစာ
ပူတင်းတစ်ခု

– ညစာ

(၁) ထမင်း ပန်းကန် တစ်လုံး ၁၀ဝ ဂရမ်၊

(၂) ငါး သုံးကျပ်သား၊

(၃) ဟင်းချိုရည် တစ်ခွက်၊

(၄) အသီးအရွက်ကြော် တစ်ခွက်၊

(၅) သစ်သီးတစ်လုံး။

_ _ _

– ပရိုတင်း (အသားဓာတ်)
ကျောက်ကပ်ရောဂါရှိသူတွေက တစ်နေ့ ပရို တင်းဓာတ် ပြည့်မီအောင် ၁၀ ကျပ်သား စားပေးနိုင် ပါတယ်။ ကျောက်ကပ်ဆေးနေရင် ဒီ့ထက်ပိုပြီး စား ပေးသင့်ပါတယ်။ ၁၀ ကျပ်သားရအောင် အောက်ပါ ထဲက တစ်နေ့ ငါးမျိုးစားပေးနိုင်ပါတယ်။

(၁) အသား တစ်အောင်စ (၂ ကျပ်သား)၊

(၂) ကြက်ဥတစ်လုံး၊

(၃) ငါး တစ်အောင်စ (၂ကျပ်သား)၊

(၄) ပုစွန် တစ်အောင်စ (၂ ကျပ်သား)၊

(၅) ကြက်၊ ဝက် တစ်အောင်စ (၂ ကျပ်သား)၊

(၆) ဝက်ပေါင်ခြောက် လေးပြား၊

(၇) ချိစ် တစ်အောင်စ(၂ ကျပ်သား)၊

(၈) နွားနို့ အကြမ်းပန်းကန်လုံး တစ်ခွက်၊

(၉) တိုဟူး အကြမ်းပန်းကန်လုံးရဲ့ လေးပုံတစ်ပုံ။

– နို့နှင့် နို့ထွက်ပစ္စည်း
အောက်ပါထဲက တစ်နေ့ နှစ်မျိုး ဒါမှမဟုတ် တစ်မျိုးတည်းကို နှစ်ကြိမ် စားပေးရပါမယ်။

(၁) နွားနို့ အကြမ်းပန်းကန်လုံးခွက်တစ်ဝက်၊

(၂) ရေခဲမုန့် (ရေခဲမုန့်ခွက်) တစ်ဝက်၊

(၃) ဒိန်ချဉ်အကြမ်းပန်းကန်လုံး ခွက်တစ်ဝက်။

– ဟင်းသီးဟင်းရွက်
အောက်ပါထဲက တစ်နေ့ အနည်းဆုံး တစ်ကြိမ် စားပေးရပါမယ်။

(၁) ကညွတ် အကြမ်းပန်းကန်လုံး ခွက်တစ်ဝက်၊

(၂) ပဲစိမ်း အကြမ်းပန်းကန်လုံးခွက်တစ်ဝက်၊

(၃) ဂေါ်ဖီထုပ် အကြမ်းပန်းကန်လုံး ခွက်တစ်ဝက်၊

(၄) မုန်လာဥနီ အကြမ်းပန်းကန်လုံး ခွက်တစ်ဝက်၊

(၅) ပန်းဂေါ်ဖီပွင့်အကြမ်းပန်းကန်လုံးခွက်တစ်ဝက်၊

(၆) ပြောင်းဖူးအကြမ်းပန်းကန်လုံးခွက်တစ်ဝက်။

– ကစီဓာတ်
အောက်ပါထဲက တစ်နေ့ ငါးမျိုး စားပေးရပါမယ်။

(၁) ပေါင်မုန့် တစ်ချပ်၊

(၂) ကိတ်မုန့် နှစ်ချပ်၊

(၃) ဒိုးနပ်ပလိန်းကိတ် တစ်ခု၊

(၄) ခေါက်ဆွဲ၊ ထမင်းအကြမ်းပန်းကန်လုံး ခွက်တစ်ဝက်၊

(၅) ဆားမပါတဲ့ ပြောင်းဖူးပေါက်ပေါက်ခွက်တစ်ဝက်။

– သစ်သီးရွေးချယ်မှု
အောက်ပါထဲက တစ်နေ့ တစ်မျိုးစီ စားပေး နိုင်မယ်။

(၁) ပန်းသီး

(၂) ပန်းသီးဖျော်ရည် ခွက်တစ်ဝက်၊

(၃) ဘလက်ဘယ်ရီသီး ခွက်တစ်ဝက်၊

(၄) ဘလူးဘယ်ရီသီး ခွက်တစ်ဝက်၊

(၅) သစ်သီးစုံ ကော့တေး ခွက်တစ်ဝက်၊

(၆) စပျစ်သီး ခွက်တစ်ဝက်၊

(၇) သံပယိုသီး/ရှောက်သီး၊ သံပရာရည် တစ်ခွက်

(၈) မက်မွန်သီး ပန်းကန်လုံး တစ်လုံးစာ၊

(၉) သစ်တော်သီး ပန်းကန်လုံး တစ်လုံးစာ၊

(၁၀)ဆီးသီး ပန်းကန်လုံး တစ်လုံးစာ၊

(၁၁)ရက်စ်ဘယ်ရီသီး ပန်းကန်လုံး တစ်လုံးစာ၊

(၁၂)ဖရဲသီးပန်းကန်လုံး တစ်လုံးစာ၊

– အဆီရွေးချယ်မှု
အောက်ပါထဲက တစ်ကြိမ် တစ်မျိုးစီပဲ စားပေး ရပါမယ်။

(၁) မာဂျရင်း/ထောပတ် လက်ဖက်ရည်ဇွန်းတစ် ဇွန်း၊

(၂) ခရင်မ်ချိစ် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊

(၃) မရောနိစ်လက်ဖက်ရည်ဇွန်းတစ်ဇွန်း-နှစ်ဇွန်း၊

(၄) Sour Cream အကြမ်းပန်းကန်လုံး လေးပုံ တစ်ပုံ၊

(၅) ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း တစ် ဇွန်း၊

– ကယ်လိုရီအားပေးမှု
အောက်ပါထဲက တစ်နေ့ တစ်မျိုးကို တစ်ကြိမ် စားပေးရပါမယ်။

(၁) သကြားလုံးအမာ လေးလုံး၊

(၂) ယို ဒါမှမဟုတ် ဂျယ်လီ ထမင်းစားဇွန်း နှစ်ဇွန်း၊

(၃) ပဲဂျယ်လီ

(၄) ပျားရည် ထမင်းစားဇွန်း နှစ်ဇွန်း၊

(၅) အညိုရောင် သကြား ဒါမှမဟုတ် အဖြူ ရောင် သကြား ထမင်းစားဇွန်းနှစ်ဇွန်း၊

(၆) သစ်သီးသရေစာ တစ်အောင်စ (၂ ကျပ်သား)၊

(၇) ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း။

မှတ်ချက်။ ။ တချို့အစာတွေကို ဆီးချိုရောဂါရှိသူတွေနဲ့ ကျောက်ကပ်ရောဂါအဆင့်မြင့်နေသူတွေမှာ မစားရပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top