Healthy Life Ad
International

အဆင့် ၂ ရင်သားကင်ဆာအန္တရာယ်မှ လွတ်မြောက်ခဲ့တဲ့ အမျိုးသား

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မှ မိုက်ကယ်စင်းဂါးက ဘယ်ဘက်နို့သီးအောက်က အကျိတ်သေးသေးလေးကို လပေါင်းများစွာကြာ ဂရုမပြုဘဲထားခဲ့ပါတယ်။

၂၀၁၀ ဒီဇင်ဘာလက တခြားရောဂါအတွက် ဆရာဝန်နဲ့ပြခဲ့စဉ် စိတ်ကူးပေါက်ကာ အကျိတ်အသေးလေးအကြောင်း မေးမြန်းခဲ့ပါတယ်။ အသားစယူစစ်ဆေးမှုခံယူဖို့ တိုက်တွန်းခံခဲ့ရပြီး လိုအပ်တဲ့စစ်ဆေးမှု ပြုလုပ်ပြီးနောက်မှာ သူမှာ အဆင့်-၂ ရင်သားကင်ဆာဖြစ်ပွားနေကြောင်း သိရှိခဲ့ပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာ မဖြစ်ပွားတတ်ဘူးလို့ထင်နေတဲ့ စင်းဂါးတစ်ယောက် အစပိုင်းမှာ မယုံနိုင်အောင်ဖြစ်နေပေမယ့် ဖြစ်နှုန်းနည်းပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်ပွားတတ်ကြောင်း ဆရာဝန်ရဲ့ရှင်းလင်းချက်ကို နောက်ဆုံးမှာ လက်ခံလိုက်ရပါတယ်။

နှစ်စဉ်ရင်သားကင်ဆာဖြစ်ပွားသူ အမျိုးသား၂၆၀ဝရှိပြီး ၄၄၀ခန့်ဟာ ရောဂါတွေ့ချိန် နောက်ကျတာကြောင့် သေဆုံးနေကြပါတယ်။ ဆရာဝန်တွေက စင်းဂါးရဲ့သားမြတ်ဖြတ်ထုတ်ကာ ကုသပေးခဲ့ပြီး အသက်ချမ်းသာရာရခဲ့ပါတယ်။ စင်းဂါးက အစပိုင်းမှာ ရင်သားကင်ဆာဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ရှက်ရွံ့မှုရှိခဲ့ပေမယ့် အခုအခါ ဘဝတူအမျိုးသားတွေ ရင်သားကင်ဆာအန္တရာယ်သိရှိဖို့ နှိုးဆော်တဲ့ လူမှုရေးလုပ်ငန်းတွေ တက်တက်ကြွကြွ လုပ်ဆောင်ပေးနေကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top