Healthy Life Ad
Health Tips

အသားအရေ ကြည်လင်တောက်ပစေဖို့ ဘယ်လို သစ်သီးတွေ စားသင့်သလဲ . . .

လရိပ်မေ

သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အများအပြားကို စားတာကြောင့် အထွေထွေ ကျန်းမာ ရေးကို ကောင်းမွန်စေရုံသာမက အသားအရေကိုပါ ကြည့်ကောင်းစေပါတယ်။

ပန်းသီး
ပန်းသီးက အသားအရေရဲ့ အကောင်းဆုံး စူပါ အစာပဲဖြစ်ပါတယ်။ ပန်းသီးမှာပါတဲ့ ကော်လာဂျင်ဓာတ်က အသားအရေကို နုပျိုစေပြီး ချောမွေ့စေပါတယ်။

ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ ပါတဲ့ အင်တီအောက်ဆီးဒင့်က အသားအရေကို ကြည့်ကောင်းစေပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီ ပါဝင်မှုများ တာကြောင့် အသားအရေကို လှပနုပျိုစေပါတယ်။

ဖရဲသီး
ဖရဲသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်း ပါဝင်တဲ့အတွက် အသားအရေကို စိုပြည်စေပါတယ်။

ငှက်ပျောသီး
ငှက်ပျောသီးမှာ ပိုတက်ဆီယမ် သတ္တုဓာတ်အ ကောင်းဆုံး ပါဝင်တာကြောင့် အသားအရေကို အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် ချို့တဲ့ရင် အသားအရေခြောက်သွေ့တတ်ပါတယ်။

နာနတ်သီး
နာနတ်သီးမှာ ပါတဲ့ ဘရိုမီလိန်းအင်ဇိုင်းတစ်မျိုးက အသားအရေရောင်ရမ်းမှုနဲ့ ဖောရောင်မှုကို တွန်းလှန်ပေးနိုင်ပါတယ်။

စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးမှာ အီလက်ဂျစ်အက်ဆစ် ပါဝင်မှုများတဲ့အတွက် ခရမ်းလွန်ရောင်ခြည် ထိခိုက်မှုကို တွန်းလှန်နိုင်ပြီး အရေးကြောင်းတွေကို ကင်းစင်စေပါတယ်။

သင်္ဘောသီး
သင်္ဘောသီးမှာပါဝင်တဲ့ ဗီတာမင်အေနဲ့ ပက်ပိန်းအင်ဇိုင်းတွေက အရေပြားဆဲလ်သေတွေကို ကင်းစင်စေပြီး အသားအရေ တင်းရင်းစေပါတယ်။

ကီဝီသီး
ကီဝီသီးမှာ ဗီတာမင်စီပါဝင်မှုများပြီး အသားအရေကို တောက်ပကြည်လင်စေပါတယ်။

သလဲသီး
သလဲသီးမှာ အိုမင်းမှုတားဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် အရေပြားဆဲလ်တွေကို ပြန်လည်အားဖြည့်ပေးပါတယ်။

ချယ်ရီသီး
ချယ်ရီသီးမှာ တခြားသစ်သီးတွေထက် အင်တီအောက်ဆီးဒင့် ပါဝင်မှု ပိုများတာကြောင့် အရေပြား အိုမင်းမှုဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top