Healthy Life Ad
Life Style

လူနာရှင်၏ ဆုံးဖြတ်ချက် သို့မဟုတ် ဆရာဝန်၏ ဆုံးဖြတ်ချက် (၄)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

လူနာ (၄)။ ။ ဒေါ်ဆွေဆွေမြင့်ကတော့ အသက် ၇၅ နှစ်ရှိတဲ့ ဆီးချိုရောဂါရှင်တစ်ဦးပါ။ ဆေးရုံကို အဖျားဝင်ပြီး ကယောင်ကတမ်း အော်ဟစ်သောင်း ကျန်းနေလို့ လာပြရတာပါ။ သွေးချိုကတက်၊ အဖျား က ကြီး၊ သတိက မကောင်း၊ သွေးပေါင်က ကျနေ တာဆိုတော့ အထူးကြပ်မတ်ခန်းမှာ တင်လိုက်ရပါ တယ်။ သွေးချိုနဲ့အဖျားက ပြန်ကောင်းလာပေမယ့် သတိက သိပ်မရသေးဘဲ ပြန်မယ်ဆိုပြီး အော်ဟစ် နေတာ ထိန်းလို့ မရပါဘူး။ အကြောင်းရင်းကို ရှာ ကြည့်တော့ သွေးထဲမှာ ဆားဓာတ် (Sodium) တော်တော်နည်းနေတာကြောင့် ဒီလို ဖြစ်နေတာပါ။ သွေးတွင်း ဆားဓာတ်နည်းတာက ကုသလို့ ရပါတယ်။ ပြန်ကောင်းသွားဖို့လည်း များပါတယ်။ ဒါပေမဲ့ အရေးပေါ် ဆားဓာတ်ကို အမြန်မပြင်ပေးရင်တော့ ဦးနှောက်ထဲ ရေဝင်ပြီး ပွလာမယ်၊ ဦးခေါင်းထဲမှာ တင်းကျပ်ပြီး ဖိအားတွေတက်လာရင် နောက်ဆုံး အသက်ရှူရပ်သွား နိုင်ပါတယ်၊ သေနိုင်ပါတယ်။

တစ်ဖက်မှာလည်း အပြင်မတော်လို့ သွေးတွင်း ဆားဓာတ် သိပ်နည်းနေရာကနေ ရုတ်တရက် အမြန် ပြန်မြင့်တက်လာအောင် လုပ်မိပြန်ရင်လည်း ဦးနှောက် ကို ထိခိုက်ပြီး Central pontine mylinolysis ဖြစ် သွားတတ်ပါတယ်။ ဒီအခြေအနေမျိုးက ဘယ်လို တွေ ဖြစ်တာလဲဆိုတော့ လူနာက ဆားဓာတ်တက်လာလို့ သတိပြန်ကောင်းသလို ရှိရာကနေ ပြန်ပြီး သတိလစ်သွားတာတွေ့ရမယ်။ တော်တော်ကြာလို့ ပြန်ကောင်းလာရင်လည်း မနိုးတနိုးနဲ့ မျက်စိပဲပွင့်ပြီး ခြေလက်လေးဘက် သေနေကာ အိပ်ရာထဲ အကြာ ကြီးလဲသွားတတ်ပါတယ်။ သွေးတွင်းဆားဓာတ်ကို မြန်မြန်တက်အောင် မပြင်ရပါဘူး။ တဖြည်းဖြည်း ချင်းပဲတက်စေရပါမယ်။ ဒါကြောင့် လူနာရဲ့သွေးတွင်း ဆားဓာတ်ကို ဖြည်းဖြည်းပဲ ပြင်ပေးနေရပါတယ်။

သမီးအမေ အိမ်ပြန်ခေါ်သွားရင် အမေကြီး အသက်ရှင် ကိန်းမရှိပါဘူး။ ဒီလောက် ရှုပ်ထွေးနေတဲ့ ရောဂါကို သမီးတိုရဲ့ မိသားစု ဆရာဝန်က အောင်မြင်အောင် ကုပေးနိုင်မှာ မဟုတ်လို့ ဒီမှာပဲ ဆက်နေသင့်တယ်၊ သွေး တွင်း ဆားဓာတ်တွေ ပြန်မှန်သွားရင် အကောင်းပကတိ ပြန်ဖြစ်သွားနိုင်တယ်၊ တကယ်လို့ သမီးအမေကို သမီး သဘောနဲ့ဆုံးဖြတ်ပြီး အသက်ရှင်ခွင့်မပြုရင် . . .

လူနာက တတိယနေ့ရောက်တဲ့အထိ အထူး ကြပ်မတ်ခန်းထဲမှာပဲ ရှိသေးတယ်၊ သတိလည်း ပြန် မရသေးဘူး။ အတင်းနှိုးကြည့်ရင်တော့ နည်းနည်း ပိုသိလာပေမယ့် အားမရတာတော့ အမှန်ပါပဲ။

နောက်တစ်နေ့မှာ လူနာပိုသတိရလာပေမယ့် ပိုပြီး သောင်းကျန်းနေပါတယ်။ ခုတင်ပေါ်က ဆင်းဖို့ ကြိုးစားရင်း ရုန်းကန်အော်ဟစ်နေပါတော့တယ်။ အိမ်ပြန်မယ်လို့ပဲ အော်နေပါတယ်။ သမီးဖြစ်သူက အမေ့ကို အိမ်ပြန်ခေါ်သွားတော့မယ်လို့ လာပြောပါတယ်။ တဖြည်းဖြည်း ကောင်းလာမှာ ဖြစ်ကြောင်း ရှင်းပြပေမယ့် နားမထောင်ဘဲ လူနာကလည်း ပြန် မယ်၊ သမီးနဲ့ အမျိုးသားကလည်း ပြန်မယ် လုပ်နေပါ တော့တယ်။ လူနာသေခါနီးပြီလို့ ထင်နေပါတယ်။

အထူးသဖြင့် ပြင်ပဆေးရုံးခန်း (Private Hospital)တွေမှာ ဆရာဝန်နဲ့ လူနာဆက်ဆံရေးက ကျန်းမာရေးရှုထောင့်၊ လူနာရဲ့ ဆေးကုသစရိတ် ရှိ၊ မရှိဆိုတဲ့ ငွေကြေးရှုထောင့် စတဲ့ ရှုထောင့်အစုံကိုပါ စဉ်းစားရပါတယ်။ လူနာပြန်မယ်၊ မပြတော့ဘူးဆိုရင် လည်း အတင်းဆွဲခေါ်ထားလို့ မရပါဘူး။ ဒီနေရာမှာ ရှင်းပြလို့လည်း မရ၊ ကောင်းမယ်လို့ အာမခံလို့လည်း မရ ဘယ်သူ့ဆုံးဖြတ်ချက်ကို လက်ခံသင့်ပါသလဲ။

လူနာတွေ ဗဟိုပြုစနစ်မှာ လူနာက ဆုံးဖြတ် ပိုင်ခွင့် ရှိရမယ်၊ လူနာအကုမခံတော့ရင် ဆက်ကုလို့ မရတော့ဘူး။ ဒါကြောင့် ပြန်ခွင့်ပေးလိုက်ရမလား၊ ဒါမှမဟုတ် ဘယ်လိုစကားမျိုးနဲ့ လူနာပြန်မသွား အောင် ဆွဲဆောင်နိုင်မလဲ။ နောက်ဆုံး ခြိမ်းခြောက် တာလည်းပါ၊ တိုက်တွန်းတာလည်း ပါတဲ့ စကားမျိုး သုံးပြီး ဖြေရှင်းခဲ့ရပါတယ်။ ဏအေနမညေူငျအငခ ဗစစ­မသခေ့ ဘက်ကို တိမ်းစောင်းခဲ့ပါတယ်။

လူနာရဲ့ သမီးကို “သမီး အမေ အိမ်ပြန်ခေါ် သွားရင် အမေကြီး အသက်ရှင်ကိန်း မရှိပါဘူး။ ဒီ လောက်ရှုပ်ထွေးနေတဲ့ ရောဂါကို သမီးတိုရဲ့ မိသား စုဆရာဝန်က အောင်မြင်အောင်ကုပေးနိုင်မှာမဟုတ် လို့ ဒီမှာပဲဆက်နေသင့်တယ်၊ သွေးတွင်းဆားဓာတ် တွေ ပြန်မှန်သွားရင်အကောင်းပကတိပြန်ဖြစ်သွား နိုင်တယ်၊ တကယ်လို့ သမီးအမေကို သမီးသဘောနဲ့ ဆုံးဖြတ်ပြီး အသက်ရှင်ခွင့် မပြုရင် သမီးအမေကို သမီးသတ်လိုက်သလိုကော မဖြစ်နိုင်ဘူးလား”လို့ ပြောလိုက်တော့ သမီးဖြစ်သူ တွေဝေသွားပြီး-

“ဒီလိုဆိုရင်တော့ အမေ့ကိုဆက်ထားပြီး ကုပါ မယ်”ဆိုပြီး ဆက်ကုလိုက်ပါတယ်။ ၅ ရက်အကြာမှာ လူနာသတိလည်းရပြီး အထူးကြပ်မတ်ခန်းကနေ လည်း ထွက်ခွင့်ရသွားခဲ့ပါတယ်။

ဆရာဝန်တွေရဲ့ အတွေ့အကြုံနဲ့ သာမန်လူရဲ့ အတွေ့အကြုံ မတူနိုင်ပါဘူး။ လူနာတွေအတွက် မိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ရဲ့ အပြောတစ်ခုတည်း ကို ယုံမှားဖို့မသင့်ပါဘူး။ လူနာတစ်ဦးစီရဲ့ ရောဂါ လက္ခဏာဆင်တူပေမယ့် အခြေခံအကြောင်းရင်းနဲ့ ဖြစ်စဉ်တွေမတူကြပါဘူး။

နောက်ဆုံး ကုသိုလ်ကံချင်းလည်းမတူကြပါဘူး။ ဒါကြောင့် ရောဂါလက္ခဏာတူရင် အားလုံး အတူတူ ပဲလို့ မဆုံးဖြတ်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top