Healthy Life Ad
Life Style

ထောပတ်သီးနဲ့ အသားအရေ ပြုပြင်ရအောင် . .

သင့်အသားအရေကို ထောပတ်သီးနဲ့ ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် ဒါက စိတ်ကူးကောင်းပါ။ ထောပတ်သီးမှာ ဗီတာမင်အေ၊ ဗီတာမင်အီးနဲ့ ဗီတာမင်စီတို့ များစွာပါဝင်တာကြောင့် ထောပတ်သီးနဲ့ပေါင်းတင်ပေးရင် မိနစ်ပိုင်းအတွင်းအသားအရေကို တောက်ပသစ်လွင်စေပါတယ်။

ပါဝင်သည့် ပစ္စည်းများ

-အခွံခွာထားတဲ့ ထောပတ်သီး တစ်ဝက်

-ပျားရည် ထမင်းစားဇွန်း နှစ်ဇွန်း

-သကြား ထမင်းစားဇွန်း တစ်ဇွန်း

(အဆီပြန်တဲ့အသားအရေရှိရင် သံပရာရည် အစက်အနည်းငယ်ထည့်ပါ။)

အရင်ဆုံး မျက်နှာပေါ်က ချွေးပေါက်တွေ ပွင့်သွားအောင်ကြက်သီးနွေးရေနဲ့ ဆေးကြောပေးပါ။ ပြီးရင် ကြိတ်ချေထားတဲ့ထောပတ်သီး၊ ပျားရည်နဲ့သကြားတို့ကိုရောမွှေပါ။ ပြီးရင် မျက်နှာအရေပြားပေါ်ကို အဲဒီအရောအနှောပွတ်လိမ်းပေးပါ။ မျက်နှာနဲ့ လည်ပင်းအရေပြား မထိခိုက်စေဖို့ ညင်ညင်သာသာပွတ်လိမ်းကာ အချိန် ၁၅ မိနစ် ခန့်ထားပါ။ ပြီးရင် ရေနဲ့ညင်ညင်သာသာဆေးချပြီး မျက်နှာသုတ်ပဝါနဲ့သုတ်ပေးပါ။ သင့်အသားအရေ ချောမွေ့တောက်ပလာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top