Healthy Life Ad
Health Tips

ဆောင်းတွင်းကာလ အအေးဒဏ်ကို အံတုနိုင်မည့် ကိုယ်ခံအားကောင်းစေသော အစာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တဖြည်းဖြည်း အအေးပိုလာတော့မယ့် ရာသီဥတုကြားမှာ ကိုယ်ခံအားစနစ် ကောင်းမွန်ပြီး အအေးမိတာ၊ တုပ်ကွေးဖျားတာတွေ မဖြစ်အောင် တွန်းလှန် နိုင်ဖို့ အဓိက စားသင့်တဲ့ အစားအစာတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁) ကြက်သွန်ဖြူ
ကြက်သွန်ဖြူအစိမ်းလိုက်စားပြီးရင် ခံတွင်းနံ့ တော့ထွက်နိုင်ပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေး ကောင်းကျိုးတွေကတော့ အများကြီးရရှိမှာပါ။ ကြက်သွန်ဖြူဟာ ဗိုင်းရပ်စ်ကို ဟန့်တားပေးတဲ့ အစွမ်းရှိပါတယ်။


(၂) ကန်စွန်းဥ
ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း ပါဝင်တဲ့အတွက် အစာခြေလမ်းကြောင်းစနစ်ကို အားကောင်းစေပြီး အအေးမိဝေဒနာဖြစ်စေတဲ့ ဘက်တီးရီးယား ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၃) ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်တာကြောင့် နာမကျန်းမှုမှန်သမျှ ကာကွယ်ပေးနိုင်ပါတယ်။ ဘလူးဘယ်ရီသီးဟာ ဆောင်းတွင်း ပိုးမွှားမှန်သမျှ ကာကွယ်ပေးပြီး ကိုယ် ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

(၄) အိမ်လုပ် ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်ဟာ တုပ်ကွေးရောဂါကို တွန်းလှန်ပေးရုံတင်မက သင့်ခန္ဓာကိုယ် ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးတဲ့ ကြက်စွပ်ပြုတ်က အအေးမိဝေဒနာကိုလည်း ကာကွယ်ပေးပါတယ်။

(၅) Almond သစ်စေ့
Almond သစ်စေ့ လက်တစ်ဆုပ်စာ စားပေးရင် အဆာလည်းပြေပြီး ရောဂါပိုးမွှားတွေကိုလည်း တွန်းလှန်ပေးနိုင်ပါတယ်။

(၆) ကြက်ရိုးစွပ်ပြုတ်
ကြက်ရိုးစွပ်ပြုတ် သောက်ရင် ကူးစက်ရောဂါပိုး မွှားတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။ အနာကျက်စေတဲ့ အာနိသင်လည်း ရှိပြီး ကိုယ်ခံအားစနစ် ကိုလည်း အားကောင်းစေပါတယ်။

(၇) ဒိန်ချဉ်
ဒိန်ချဉ်မှာပါတဲ့ အကျိူးပြုဘက်တီးရီးယားတွေက ကိုယ်တွင်း မကောင်းတဲ့ ဘက်တီးရီးယားတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၈) ပန်းဂေါ်ဖီပွင့်
ပန်းဂေါ်ဖီပွင့်က ဆောင်းတွင်းနာမကျန်းမှုတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့် ပါဝင်လို့ပါ။

(၉) ရေ
ရေသောက်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို တွန်းထုတ်ပေးနိုင်ပါတယ်။

(၁၀) ပျားရည်
ပျားရည်မှာ အင်တီအောက်ဆီးဒင့်ပါဝင်ပြီး ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်ပေး နိုင်စွမ်းရှိပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းရှိတာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top