Healthy Life Ad
Q & A

ရေခဲမုန့်ရဲ့ အာဟာရတန်ဖိုး . . .

မေး။ ။ ရေခဲမုန့်စားရင် ဘယ်လို အာဟာရရရှိနိုင်ပါသလဲ။
ဦးဗညား၊ တွံတေး။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ ရေခဲမုန့်မှာ အာဟာရဓာတ်ကတော့ ပါဝင်မှုသိပ် မရှိပါဘူး။ ကယ်လိုရီကတော့ ရေခဲမုန့် တစ်ခွက်မှာ ၁၂၀ ကယ်လိုရီလောက် ပါဝင်ပါတယ်။ ရေခဲမုန့် ပြုလုပ်ရာမှာသုံးတဲ့ နို့မှုန့် ဒါမှမဟုတ် နွားနို့က ကောင်းမွန်ဖို့အရေးကြီးပါတယ်။ များသောအားဖြင့် Creamer တွေနဲ့လုပ်ထားတယ်ဆိုရင် ရေခဲမုန့်စားလို့ ကယ်လို ရီရတာပဲရှိမယ်၊ အာဟာရဓာတ်ကတော့ မရပါဘူး။ ရေခဲမုန့်ဆိုတာ အမြဲတမ်းစားသင့်တဲ့ အစာလည်း မဟုတ်ပါဘူး။ တစ်ခါတလေမှ အာသာပြေရုံလောက် ပဲစားသင့်တဲ့အစာဖြစ်ပါတယ်။ အမြဲတမ်း စားရ လောက်အောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအ စာမဟုတ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top