Healthy Life Ad
Life Style

ရှူးဖိနပ်မပေါက်စေမည့် လှည့်စားနည်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် ဖိနပ် အသစ်၊ ရှူးဖိနပ်အသစ် စီးတဲ့အခါ ဖိနပ်မပေါက်စေဖို့ လုပ်ဆောင်သင့်တဲ့ လှည့်စားနည်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ပလာစတာ
ဒါက အထင်ရှားဆုံးနဲ့ လူသုံးအများဆုံး နည်းပါ။ ရှူးဖိနပ်အသစ်စီးမယ်ဆိုရင် ထိရှတတ်တဲ့ အရေပြားနေရာတွေမှာ ပလာစတာကပ်ပေးထားလိုက်ပါ၊ ပွတ်တိုက်မှု မဖြစ်တဲ့အတွက် အရည်ကြည်ဖုကိုလည်း မဖြစ်စေတော့ပါဘူး။

(၂) ပေါင်ဒါမှုန့်
ပေါင်ဒါမှုန့်က ခြေထောက်မျက်နှာပြင်ပေါ်က ပွတ်တိုက်တဲ့အားကို လျော့ကျစေနိုင်ပါတယ်။ ရှူးဖိနပ်မစီးခင် ခြေထောက်မှာ ပေါင်ဒါမှုန့်နည်းနည်း ပက်ဖျန်းထားလိုက်ပါ။ ခြေအိတ်မဝတ်ခင် ခြေထောက်က စိုမနေဖို့တော့ သတိထားရပါမယ်။

(၃) ခြေအိတ်အထူ
ခြေအိတ်ထူထူဝတ်ပြီး သင်အကြိုက်ဆုံး ရှူးဖိနပ်စီးလိုက်ပါ။ ရှူးဖိနပ်ရဲ့ အကျပ်ဆုံးနေရာမှာ လေမှုတ်စက်နဲ့ ခဏတာ မှုတ်ပေးပါ။ လုံးဝ အေးသွားတဲ့ အထိ ဖိနပ်စီးပြီး လမ်းလျှောက်ပေးပါ။ ဒါဆိုရင် ဖိနပ်က ပိုမိုနူးညံ့ပြီး ပျော့ပျောင်းသွားပါလိမ့်မယ်။

(၄) ချွေးနံ့ထိန်းတောင့်
ခြေဖနောင့်၊ ခြေဖဝါးနဲ့ ခြေချောင်းတွေက ဖိနပ်အပေါက်ဆုံး နေရာတွေပါ။ ရှူးဖိနပ်နဲ့ သင့်ခြေထောက်ကြား ပွတ်တိုက်မှုမဖြစ်စေဖို့ ချွေးနံ့ထိန်းတောင့် သုတ်လိမ်းပေးပါ။

(၅) ဆီလီကွန်အောက်ခံ
ရှူးဖိနပ်ထဲမှာ ဆီလီကွန်အောက်ခံပြားထည့်ပြီး စီးပေးရင် ဖိနပ်ပေါက်တဲ့ ပြဿနာကို လျော့ကျစေပါတယ်။

(၆) ရေခဲ
ရေခဲကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ရှူးဖိနပ်အတွင်းထဲ ထည့်ပါ။ ရေစိမ့်မထွက်အောင် ဂရုစိုက်ပါ။ မနက်ခင်းမှာ ဖိနပ်က စီးရတာ ပိုအဆင်ပြေနေပါလိမ့်မယ်။

(၇) အရက်ပျံနှင့် စက္ကူ
ရှူးဖိနပ်အတွင်းထဲက ကျပ်နေတဲ့ နေရာမှာ အရက်ပျံဖျန်းပေးပါ။ ပြီးရင် စက္ကူခြေပြီး တစ်ညလောက် ထည့်ထားပါ။ မနက်ခင်းမှာ စက္ကူဖယ်လိုက်တဲ့အခါ ရှူးဖိနပ်က စီးရတာ ပိုသက်သောင့်သက်သာ ရှိနေပါလိမ့်မယ်။

(၈) အစိုဓာတ်ထိန်းခရင်မ်
ရှူးဖိနပ်အတွင်းထဲ အစိုဓာတ်ထိန်းခရင်မ် သုတ်လိမ်းပါ၊ အထူးသဖြင့် ခြေဖနောင့်နဲ့ ခြေချောင်းနေရာတွေကို အလေးထားပြီး လိမ်းပါ။ အစိုဓာတ် ထိန်းခရင်မ်က သားရေကို နူးညံ့စေတဲ့အတွက် နောက်တစ်နေ့မှာ ရှူးဖိနပ်စီးရတာ ပိုပြီးသက်သောင့် သက်သာရှိနေပါလိမ့်မယ်။

(၉) အာလူး
အာလူးတစ်လုံးကို ဆေးကြောပြီး ရှူးဖိနပ်ထဲ ထည့်သွင်းထားပါ။ တစ်ညတာ ထားပြီးချိန်မှာ စိုစွတ်တဲ့ အဝတ်နဲ့ သုတ်ပြီး ရှူးဖိနပ်စီးပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top