Healthy Life Ad
Health Tips

ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန်အတွက် လိုက်နာသင့်သည့် အချက်များ

၊ ငွေကြယ်စင်ယံ ၊

(၁) ဆေးသောက်တဲ့အခါ

အေးစက်နေတဲ့ ရေနဲ့ဆေးမသောက်ပါနဲ့။ ဆေးသောက်ပြီးတာနဲ့ ချက်ချင်းမလှဲလျောင်းပါနဲ့။

(၂) အစားအသောက် စားသောက်တဲ့အခါ

ညနေ ငါးနာရီထိုးပြီးချိန်မှာ အစာကိုအများကြီးမစားပါနဲ့။ နံနက်ခင်းမှာ ရေများများသောက်ပြီး ညဘက်မှာ ရေလျှော့သောက်ပါ။

(၃) တစ်နေ့တာတွင် အိပ်ပျော်နေသင့်တဲ့အချိန်

တစ်နေ့တာမှာ အိပ်စက်သင့်တဲ့ အကောင်းဆုံးအချိန်က ည ၁၀ နာရီကနေ နံနက် လေးနာရီအထိ ဖြစ်ပါတယ်။

(၄) ကိုယ်အလေးချိန် ထိန်းနိုင်မယ့် ဒိန်ချဉ်

ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ ဒိန်ချဉ်ဟာ ကိုယ်အလေးချိန်လျော့ကျရေးအတွက် အကောင်းဆုံး အစားအသောက်တစ်မျိုးဖြစ်ကြောင်း၊ ဒိန်ချဉ်အလွတ် တစ်ခွက်ကိုသောက်ရင် တစ်နေ့တာလိုအပ်တဲ့ ပရိုတင်းပမာဏရဲ့ ၄၀ ရာခိုင်နှုန်းကို ရရှိနိုင်ကြောင်း သိရပါတယ်။

(၅) ကင်ဆာကာကွယ်မယ့် ငှက်ပျောသီးမှည့်

အမည်းရောင် အစက်အပြောက်တွေနဲ့ အဝါရောင်အခွံရှိ ငှက်ပျောသီး အမှည့်ဟာ TNF လို့ခေါ်တဲ့ Tumor Necrosis Factor ဒြပ်ပေါင်းကို ထုတ်လုပ်ပေးပါတယ်။ ဒီဒြပ်ပေါင်းဟာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးမှာ အမည်းရောင်အကွက်တွေ များလေလေ၊ ကိုယ်ခန္ဓာရဲ့ ကိုယ်ခံစွမ်းအားအဆင့်က မြင့်တက်လာလေလေ ဖြစ်ပါတယ်။ ဆိုလိုတာက ငှက်ပျောသီးက ပိုမှည့်လေလေ၊ ကင်ဆာကိုကာကွယ်တွန်းလှန်နိုင်တဲ့ အစွမ်းက ပိုများလေလေဖြစ်လို့ပါ။

(၆) ခေါင်းကိုက်နေရင် ရေများများသောက်ပါ

ခေါင်းကိုက်ဝေဒနာရဲ့ အဖြစ်များတဲ့ အကြောင်းရင်းတစ်ခုက ရေဓာတ်ခမ်းခြောက်လို့ပါ။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါ ရေနဲ့တခြားအရည်တွေကို များများသောက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top