Healthy Life Ad
Life Style

ကျောက်ကပ်ဝေဒနာရှင်များနှင့် အာဟာရ (၂)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

စားသောက်မည့်အစားအသောက်တိုင်းတွင် အစားအစာတစ်အုပ်စီမှ မှန်ကန်သောအချိုးအစား ပါဝင်သင့်

– ထမင်း ဒါမှမဟုတ် ကစီဓာတ်ပါတဲ့အစာ၊

– အသား ဒါမှမဟုတ် အသားဓာတ်ပါတဲ့အစာ၊

– အဆီဓာတ်ပါတဲ့အစာ၊

– ဟင်းသီးဟင်းရွက်၊

– သစ်သီး၊

– ဖြည့်စွက်စာ။

ဖော့စဖိတ်အကြောင်း

– ဖော့စဖိတ်မီးစုန်းဓာတ်က အဓိကအားဖြင့် တိရစ္ဆာန်က ရတဲ့အစာ၊ အထူးသဖြင့် နို့ထွက်ပစ္စည်းက ရပါတယ်။

– တချို့သစ်ပင်ကရတဲ့ အစာတွေ၊ ဥပမာ အခွံမာသီး၊ အစေ့အဆန်တွေမှာလည်း ပါဝင်ပါတယ်။

– သွေးထဲ ဖော့စဖိတ်ဓာတ်တွေ ပိုကဲလွန်းရင် ယားယံတတ်တဲ့အပြင် ထုံးဓာတ်(ကယ်လ်ဆီယမ်)လျော့ ပါးလာတာကြောင့် အရိုးတွေအားနည်းပြီး ကျိုးလွယ်လာပါမယ်။

– သွေးထဲမှာ ဖော့စဖိတ်ကို ချုပ်ထိန်းမယ့် ကယ်လ်ဆီယမ်ကာဘိုနိတ်ကို စားသောက်ပေးဖို့ လိုအပ်လာပါတယ်။ ထမင်းစားချိန်မှာ ကယ်လ်ဆီယမ်ကာဘိုနိတ်ဓာတ်ပါအောင် စားပေးသင့်ပါတယ်။ ကယ်လ်ဆီယမ်ကာဘိုနိတ်ဓာတ်ပါတဲ့ ငါးသေးသေးလေးတွေ၊ ခရုလေးတွေ၊ ပင်လယ်စာတွေ စားပေးသင့်ပါတယ်။

ဖော့စဖိတ်ပါဝင်မှုများသော အစာများ

– နို့နဲ့ နို့ထွက်ပစ္စည်း၊ (နို့မသောက်ရင် ကယ်လ်ဆီယမ်ဓာတ်ကျမှာစိုးလို့ တစ်ရက်မှာ နို့နှစ်ခွက်- မနက်တစ်ခွက်၊ ညတစ်ခွက် သောက်လို့ရပါတယ်)

– အခြောက်အခြမ်းလုပ်ထားတဲ့ ပဲနီလေး၊ ကုလားပဲ စတဲ့ ပဲတွေနဲ့ ပဲသီး၊

– အခွံမာသီး၊

– မြေပဲထောပတ်၊

– ပေါင်မုန့်၊

– အသား။

ဖော့စ်ဖိတ်ကန့်သတ်ချက်

အောက်ဖော်ပြပါ အစာတွေမှာ ဖော့စဖိတ် ပါဝင်မှုများတဲ့အတွက် ဆင်ခြင်သင့်ပါတယ်။

– အသည်း၊ ကျောက်ကပ်

– အခွံမာသီး၊ အစေ့အဆန်အားလုံး၊

– ငါးသေတ္တာ၊ ကြက်အူချောင်း၊

– ပုဇွန်ခြောက်၊ ကင်မွန်းငါးခြောက်၊

– မိုင်လို၊ အိုဗာတင်း၊ ဟောလစ် (မသောက်ရ မနေနိုင်ရင် တစ်နေ့ လက်ဖက်စားဇွန်း နှစ်ဇွန်းပဲ သောက်သင့်ပါတယ်)

– ဖော့စ်ဖိတ်ဓာတ်ပါတဲ့ မုန့်ဖုတ်ဆော်ဒါ ဂျုံလုံးတီး၊

– ကိုကာကိုလာအချိုရည်တစ်ဘူးမှာ ဖော့စဖိတ်က ၁၅၀ မီလီဂရမ်တောင် ပါတဲ့အတွက် မသောက်စေချင်ပါဘူး။

ပိုတက်ဆီယမ်အကြောင်း

ပိုတက်ဆီယမ်အများဆုံးပါတဲ့ အစားအသောက်တွေက ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ မုန်ညင်းရွက်တွေဖြစ်ပြီး နည်းတဲ့ အစားအသောက်တွေက ပန်းသီး၊ ပဲပင်ပေါက်၊ ပန်းဂေါ်ဖီစိမ်းတွေ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်များတဲ့ အစားအသောက်တွေ စားချင်ရင် ဥပမာ မုန်ညင်းစားချင်တဲ့အခါ ရေနွေးနဲ့ဖျောပြီး ရေနွေးကို သွန်လိုက်မယ်။ ဒါဆိုရင် ပိုတက်ဆီယမ်တွေ ထွက်သွားပြီး သံဓာတ်ရပါလိမ့်မယ်။

ပိုတက်ဆီယမ်ပါဝင်မှုနည်းသော ဟင်းသီးဟင်းရွက်များ

ပိုတက်ဆီယမ်နည်းတဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိက ရွေးစားသင့်ပါတယ်။

– ခရမ်းသီး၊

– ဘူးသီး၊

– ငရုတ်ပွသီး၊

– သခွားသီး၊ ကျောက်ဖရုံသီး၊

– ဆောင်းဖရဲ၊ သခွားမွှေး၊ ဆလတ်ရွက်၊ ပဲပင်ပေါက်၊

– တရုတ်မုန်လာဥ၊ ဟင်းသီးဟင်းရွက်စုံ၊ မုန်လာဥ၊

– ကြက်သွန်မြိတ်၊ ပဲတောင့်ရှည်၊ ပြင်သစ်ပဲတောင့်၊

– ကြက်သွန်နီ၊ သခွားဖရုံသီး။

ပိုတက်ဆီယမ်အသင့်အတင့်ပါသော ဟင်းသီးဟင်းရွက်များ

ပိုတက်ဆီယမ်အသင့်အတင့်ပါတဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်ပတ်သုံးကြိမ် စားနိုင်ပါတယ်။

– ရုံးပတီသီး၊ တရုတ်ဂေါ်ဖီထုပ်၊

– ပန်းဂေါ်ဖီ၊ ကြက်သွန်မြိတ်ကြီးမျိုး၊

– တရုတ်နံနံကြီး၊ ဟင်းခတ်ကြက်သွန်မြိတ်တစ်မျိုး၊

– ကညွတ်၊

– ငရုတ်သီး (အစိမ်း၊ အနီ)၊

– ပဲနီလေး (ပြုတ်၊ ပဲဟင်း)၊

– ပဲသီး (အစိမ်း၊ အခြောက်)၊

– ရွှေဖရုံသီး၊ ပဲလိပ်ပြာမျိုး၊

– သကြားပြောင်း၊ ခရမ်းချဉ်သီး။

ပိုတက်ဆီယမ်မြင့်မားစွာ ပါသော ဟင်းသီးဟင်းရွက်များ

ပိုတက်ဆီယမ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်ပတ်နှစ်ကြိမ် စားနိုင်ပါတယ်။

– ကိုက်လန်၊ မုန်ညင်းရွက်၊ ဂေါ်ဖီထုပ်၊ ကန်စွန်းဥ၊ ကန်စွန်းရွက်၊ သစ်တက်မှို၊ မှို(လတ်လတ်ဆတ်ဆတ်)၊ အာလူးမျိုးစုံ(အာလူးကြော်)၊ မျောက်ဥ၊ ခရမ်းချဉ်အနှစ်၊ ကြာ၊ ကုလားပဲ၊ ရေမှော်ပင်။

ပိုတက်ဆီယမ်ပါဝင်မှုနည်းသော သစ်သီးများ

ပိုတက်ဆီယမ်နည်းတဲ့ သစ်သီးတွေကိုအဓိက ရွေးစားသင့်ပါတယ်။

– ပန်းသီး၊ သစ်တော်သီး၊ စောင်းလျားသီး၊ ဖရဲသီး၊ နာနတ်သီး၊ ဂရိတ်ဖရု(ရှောက်ခါးသီး)၊ သံပရိုသီး၊ မင်းဂွတ်သီး၊ နှင်းသီး၊ ဘလူးဘယ်ရီသီး၊ တည်သီး၊ လိုင်ချီးသီး၊ မက်မွန်(စည်သွပ်)၊ မက်မွန်ရည်၊ နာနတ် (စည်သွပ်)၊ နာနတ်ရည်၊ သီးစုံ(စည်သွပ်)၊ သီးစုံရည်။
(မှတ်ချက်- ဆီးချိုရောဂါရှိသူတို့အတွက် မဟုတ်ပါ)

ပိုတက်ဆီယမ်အလတ်စားပါသော သစ်သီးများ

ပိုတက်ဆီယမ်အလတ်စားပါတဲ့ သစ်သီးတွေကို တစ်ပတ်မှာ သုံးကြိမ်စားသင့်ပါတယ်။

– သင်္ဘောသီး၊ မာလကာသီး၊ လိမ္မော်သီး၊ သံပရာသီး၊ ကျွဲကောသီး၊ လိုင်ချီးသီး (လတ်လတ်ဆတ်ဆတ်)၊ မက်မွန်၊ စူကာသီး၊ တရုတ်ဆီးသီး၊ စတော်ဘယ်ရီသီး၊ ရပ်စ်ဘယ်ရီ၊ ချယ်ရီ(စည်သွပ်)။

ပိုတက်ဆီယမ်မြင့်မားစွာပါသော သစ်သီးများ

ပိုတက်ဆီယမ်ပါဝင်မှုများတဲ့ သစ်သီးတွေကို ရှောင်သင့်ပါတယ်။

– ငှက်ပျောသီး၊ သရက်သီး၊ စပျစ်သီး၊ ကီဝီသီး၊ စပျစ်သီး၊ သခွားမသီး၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ အစေ့မဲ့ စပျစ်ခြောက်၊ စွန်ပလွံသီး၊ သဖန်းသီး၊ ချယ်ရီ(လတ်လတ်ဆတ်ဆတ်)၊ ထောပတ်သီး၊ မက်မွန်တစ်မျိုး၊ သလဲသီး၊ ဆီးသီးခြောက်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top