Healthy Life Ad
Life Style

ဇနီးမောင်နှံတို့၏ စိတ်ဖိစီးမှုကိုထိရောက်စွာ လျှော့ချနိုင်မည့် နည်းလမ်း

၊ လရိပ်မေ ၊

ဇနီးမောင်နှံတွေက တစ်ဦးကိုတစ်ဦး ဖက်ပြီးအိပ်ရတာကို သဘောကျတယ်ဆိုရင် ဒါက နွေးထွေးပြီး ယုံကြည်မှုရှိတဲ့ ဆက်ဆံရေးကို ပြသရာရောက်ပါတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဒီလိုနည်းလမ်းနဲ့ အိပ်တာက ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်တဲ့။

ကိုယ့်လက်မောင်းပေါ်မှာ ချစ်တဲ့သူကို မှေးစက်ခွင့်ပြုတာက သွေးထဲက စိတ်ဖိစီးမှု ဟော်မုန်း ကော်တီစောအဆင့်ကိုလည်း လျော့ကျစေတယ်လို့ ပစ္စဘာ့ဂ်တက္ကသိုလ် လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ ဒီအိပ်စက်နည်းဟာ လုံခြုံနွေးထွေးမှုဖြစ်စေလို့ပါ။ ကော်တီစောဟော်မုန်းအဆင့် မြင့်တက်တာက နှလုံးရောဂါ၊ စိတ်ကျရောဂါနဲ့ ကိုယ်ခံအားစနစ် အားနည်းမှုတွေကို ဖြစ်စေပါတယ်။

ကိုယ့်အိမ်ထောင်ဖက်ကို လက်မောင်းပေါ်တင်ပြီး အိပ်စက်ခွင့်ပြုတာကြောင့် ခန္ဓာကိုယ်ကနေ ချစ်ဟော်မုန်း အောက်ဆီတိုစင် အထွက်တိုးစေပြီး စိတ်ခံစားမှုချင်း ချည်နှောင်မှုကိုပိုဖြစ်စေပါတယ်။ ဒါ့အပြင် အောက်ဆီတိုစင်ဟော်မုန်းက ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပြီး အစာကြေညက်စေပါတယ်။

Most Popular

Healthy Life Ad
To Top