Healthy Life Ad
Health Tips

စိတ်ဖိစီးမှုနှင့် ခေါင်းကိုက်ဝေဒနာကို စက္ကန့် ၃၀အတွင်း လျော့ပါးစေမည့် နည်းလမ်း

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ခေါင်းကိုက်ဝေဒနာက မသက်မသာဖြစ် ဖွယ်ရာကောင်းလှတဲ့ ခံစားချက်ပါ။ အလုပ်ထဲမှာ ခေါင်းကိုက်နေရင်၊ လမ်းမှာ ခေါင်းကိုက်နေရင် ဒါမှမဟုတ် စိတ်ဖိစီးမှုဖြစ်စရာ ကြုံလိုက်ရရင် စက္ကန့် ၃၀အတွင်း ပြေလျော့သက်သာသွားစေဖို့ ဒီနည်းကို လုပ်ဆောင်လိုက်ပါ။ ခန္ဓာကိုယ်မှာ တချို့အမှတ်အသားတွေက နှိပ်ပေးလိုက်ရင် ကိုက်ခဲနာကျင်တဲ့ ဝေဒနာသက် သာသွားတတ်ပါတယ်။

ဘယ်လို လုပ်သင့်သလဲ . . .
လက်ဖမိုးပေါ်မှာ လက်မနဲ့ လက်ညှိုးကြား အသားစိုင်နေရာကို ဖိနှိပ်ကြည့်ပါ။ စက္ကန့် ၃၀ ကြာထားလိုက်ပြီး တခြားလက်ကို ဘက်ပြောင်း လုပ်ပေးပါ။ တခြားလက်ကိုလည်း ဒီနည်းအတိုင်း စက္ကန့် ၃၀ကြာဖိနှိပ်ပေးပါ။ မှန်မှန်ကန်ကန် လုပ်ပေးနိုင်ရင် ခေါင်းကိုက်ဝေဒနာက မကြာခင် သက်သာသွားပါလိမ့်မယ်။

သတိပြုရန်

ကိုယ်ဝန်ဆောင်မိခင်တွေ မလုပ်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top