Healthy Life Ad
Life Style

အမျိုးသားတိုင်း ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်ပြီဖြစ်သည့် လက္ခဏာများ

၊ ကိုမိုး ၊

အမျိုးသားအများစုက ကျန်းမာ ရေးမကောင်း တဲ့ လက္ခဏာတွေ ရှိနေပေမယ့် မသိဟန်ပြုပြီး လျစ် လျူရှူထားတတ်ကြပါတယ်။ နောက်ပိုင်း ရောဂါရင့်လာတဲ့ အခြေအနေကျမှ ကုသရခက်ခဲတာမျိုး ဖြစ်လာတတ်တာကြောင့် အခုကစပြီး မသင်္ကာဖွယ်ရာ လက္ခဏာတွေ ပေါ်လာရင် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ်။

ဆံပင်အကွက်လိုက် ကျွတ်နေလျှင်
ဆံပင်တွေက ဦးရေပြားတစ်နေရာတည်းကနေ အထွေးလိုက်ကျွတ်နေရင် စိတ်ဖိစီးမှုကြောင့်ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေက သွေးဖြူဥတွေကို လှုံ့ဆော်တာကြောင့် ဆံချည်မျှင်အိတ်တွေကို သွားရောက်ထိခိုက်စေကာ ဆံပင်အထွေးလိုက် ကျွတ်လာတာပါ။ ခေါင်းဖြီးရင်း၊ ခေါင်းလျှော်ရင်း ဆံပင်တွေက စိတ်အနှောင့်အယှက်ဖြစ်လောက် အောင် အများကြီးကျွတ်နေရင်တော့ သတိပြုသင့် နေပါပြီ။ နာတာရှည်စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါကနေ မှတ်ဉာဏ်ချို့တဲ့မှုအထိ ဖြစ်စေနိုင်ပါတယ်။
ဘယ်လို လုပ်သင့်သလဲ . . .
စိတ်ဖိစီးမှုဖြစ်လာရင် ခန္ဓာကိုယ်ထဲမှာ တုံ့ပြန်မှု တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ကြာရှည်စိတ်ဖိစီးမှု များတာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာနဲ့ တရားထိုင်တာတို့လိုစိတ်ဖိစီးမှု ထိန်းချုပ်ရေးနည်းလမ်းတွေကို လိုက်နာပါ။ တကယ်လို့ ပူပင်သောက များနေပြီး ဆံပင်ကျွတ်နှုန်း များနေတယ်ဆိုရင် သံဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဗီတာမင် B တို့ပါတဲ့ အာဟာရ တွေကို မှီဝဲပါ။ ဆယ်လ်မွန်ငါးနဲ့ ပန်းဂေါ်ဖီစိမ်းဟာ ဆံပင်သားကျန်းမာရေးအတွက် အကောင်းဆုံး အစာတွေဖြစ်ပါတယ်။

ရင်သားတစ်ဖက်က ကြီးလာလျှင်
အမျိုးသားတွေရဲ့ ရင်သားတစ်သျှူးက အ ကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးလာရင် ရင်သားကင် ဆာဖြစ်နိုင်ခြေရှိတယ်လို့ခန့်မှန်းထားပါတယ်။ အမျိုးသားတွေက တစ်နှစ်မှာ ရင်သားကင်ဆာ ဖြစ်သူ ၂၁၄၀ ဦးခန့်ရှိကြောင်း သိရပါတယ်။ အမျိုးသားတွေအနေနဲ့ ရင်သားကင်ဆာ ကာကွယ်နိုင်ဖို့ မိမိဘာသာ စစ်ဆေးတဲ့နည်းကို သုံးသင့်ပါတယ်။ ရေချိုးတဲ့အခါ ရင်သားအရွယ်အစား ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးပါ။ ဥပမာ အလုံးအဖုဖြစ်နေသလား၊ အရောင်ပြောင်းလဲ နေသလား၊ နို့သီးခေါင်းအရွယ်အစား ပြောင်းလဲနေသလား ဆိုတာကို စစ်ဆေးဖို့ လိုပါတယ်။
ဘာလုပ်သင့်သလဲ
ရင်သားမှာ တစ်ခုခု ပြောင်းလဲနေတယ်လို့ ယူဆရင်ဆရာဝန်နဲ့ ပြပါ။ အမျိုးသားတွေကလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို မေ့မထားပါနဲ့။ ရင်သားကင်ဆာမျိုးရိုးရှိတဲ့ အမျိုးသား ငါးယောက်မှာ တစ်ယောက်နှုန်းဟာ ရင်သားကင်ဆာဖြစ်တတ်တယ်လို့ အမေရိကန်ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။

ဆီးသွားရခက်ခဲနေလျှင်
ဆီးသွားရခက်ခဲတာဟာ ဆီးကျိတ်ဂလင်းကြီးတာကြောင့် ဖြစ်နိုင်သလို ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ဂလင်း က အမျိုးသားဆီးပြွန်ချောင်းရဲ့ အပေါ်မှာ ရှိတာ ကြောင့် ဆီးကျိတ်ကြီးလာရင်၊ ရောင်လာရင်ဆီးသွားရ ခက်ခဲတတ်ပါတယ်။
ဘယ်လို လုပ်သင့်သလဲ . . .
ဆီးကျိတ်စစ်ဆေးမှု ပြုလုပ်ဖို့ အချိန်တန်ပါပြီ။ အမျိုးသား ခြောက်ဦးအနက် တစ်ဦးဟာ ဆီးကျိတ် ကင်ဆာဖြစ်တတ်တယ်လို့ အမေရိကန်ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။ ရောဂါကို စောစောစစ်ဆေး တွေ့ရှိဖို့ အရေးကြီးပါတယ်။

ခံတွင်းထဲ မပျောက်သော အနာဖြစ်နေလျှင်
စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ခံတွင်းအနာလို့မထင်ပါနဲ့။ သွားဖုံး၊ လျှာ၊ လည်ချောင်းနဲ့ နှုတ်ခမ်းပေါ်မှာ ပေါက်နေတဲ့ အနာက သူ့အလိုလို မပျောက်ရင် ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ တစ်နှစ်မှာ ခံတွင်းကင်ဆာ ဖြစ်သူ လေးသောင်းကျော်အနက် အများစုက အမျိုးသားတွေ ဖြစ်ကြတယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။
ဘယ်လို လုပ်သင့်သလဲ . . .
ဆရာဝန် ဒါမှမဟုတ် သွားဆရာဝန်နဲ့ ပြသပြီး စစ်ဆေးပါ။ သံသယရှိဖွယ်တစ်စုံတစ်ရာ ပြောင်းလဲမှု ခံစားရရင် အထူးဆိုးဆေးသုံးပြီး စစ်ဆေးတာ ဒါမှမဟုတ် အသားစယူစစ်ဆေးတာတို့ လုပ်ဆောင်ပေးပါလိမ့်မယ်။

ခါးအတိုင်းအတာ ၃၇ လက်မ ကျော်လျှင်
ဒါဆိုရင် ခါးတုတ်နေပြီဖြစ်ပါတယ်။ ခါးအရွယ်အစားကြီးမားပြီး ဗိုက်ပူတာက ဆီးချိုရောဂါနဲ့ နှလုံး သွေးကြောဆိုင်ရာ ရောဂါတို့ကြောင့် ဖြစ်နိုင်ခြေများပါတယ်။ အမျိုးသား သုံးယောက်မှာ တစ်ယောက် ကျော်ဟာ နှလုံးရောဂါ အမျိုးအစားတစ်မျိုး ရှိနေပြီး အသက် ၂၀ ကျော်အမျိုးသား ၁၁ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါရှိနေတတ်ပါတယ်။ ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်းက ကိုယ်အလေးချိန်များတာ ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အခုကစပြီး ခါးကို သေချာတိုင်းတာကြည့်လိုက်ပါ။
ဘယ်လို လုပ်သင့်သလဲ . . .
ဗိုက်ပူနေရင် ခါးအရွယ်အစား လျှော့ချဖို့ အရေးကြီးပါတယ်။ ခါးအရွယ်အစားကို လျှော့ချနိုင်တာက နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တာပဲ ဖြစ်ပါတယ်။ ဗိုက်ပူတာလျော့ ကျစေဖို့ အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပြီး လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်ခန့် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top