Healthy Life Ad
Q & A

ဆီးခုံပေါ်က အဆီကျိတ် . . .

မေး. ဆရာ အခုကျွန်တော့်မှာပေါက်နေတာ ငါးမျက်စိပုံစံမျိုးလေးတွေပါ။ ဆီးခုံမှာ ပေါက်နေတာပါ။ ညှစ်ထုတ်ရင် ဝတ်ဆံအဖြူ အခဲလိုက်ထွတ်တယ်ဆရာ။ ညှစ်ပြီးပျောက်တယ်ဆရာ။ နောက်ပြီး အများကြီးတော့ မပေါက်ဘူးဆရာ။
TA (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. အရေပြားမှာဖြစ်လေ့ရှိတဲ့ မွှေးအိတ်နဲ့ ကပ်လျက်ရှိတတ်တဲ့ အဆီကျိတ်ကလေးတွေကြောင့်လို့ ထင်ပါတယ်။ လက်မသန့်ရင် ရောဂါပိုးဝင်စေနိုင်တဲ့အတွက် မညှစ်သင့်ပါ။ သိပ်မများပါက စိုးရိမ်စရာမဟုတ်ပါ။ အရေအတွက်များလာတယ်၊ ရောင်လာတယ်၊ အရွယ်အစားကြီးလာတယ်ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းမှာ ပြသပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top