Healthy Life Ad
Health Tips

နံနက်တိုင်း ပျားသံပရာရည်နွေး သောက်ခြင်းဖြင့် ရရှိမည့် ကောင်းကျိုးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သံပရာသီး ဒါမှမဟုတ် သံပရိုသီးကို ပါးပါးလှီးပြီး ပျားရည်အနည်းငယ်ထည့်ကာ ရေနွေးဖန်ခွက် တစ်ဝက်လောက် ထည့်စိမ်လိုက်ပါ။ ပြီးရင် အဲဒါကို မနက်တိုင်းသောက်ပေးမယ်ဆိုရင် အောက်ပါ ကျန်းမာရေးကောင်းကျိုးတွေ ရရှိစေပါတယ်။

– ဆီးလမ်းကြောင်း ပိုးဝင်တာလို ကူးစက်ပိုးဝင်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်

မနက်ခင်းမှာ ပျားသံပရာရည် ခပ်နွေးနွေးကိုသောက်ပေးရင် အစာခြေလမ်းကြောင်းစနစ်ကို လှုံ့ဆော်ပေးပြီး အူမကြီးကို ကျန်းမာစေပါတယ်။ ဒါ့အပြင် ဝမ်းမချုပ်အောင်ကာကွယ်ပေးပါတယ်။ ဆီးရွှင်စေပြီး ဆီးလမ်းကြောင်းကို သန့်စင်စေကာ ဆီးလမ်းကြောင်း ပိုးဝင်တာကို ကင်းစင်စေပါတယ်။

– အစာကြေညက်စေပါတယ်

သံပရိုသီးက အသည်းကနေ သည်းခြေရည်တွေများများ ထွက်ရှိအောင် ကူညီပေးပါတယ်။ ပျားရည်က ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိရှိပြီး ကူးစက်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ အစာအိမ်ထဲမှာ အချွဲထုတ်လုပ်ပေးပြီး အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ကိုယ်အလေးချိန်ကို ဟန်ချက်ညီအောင် ထိန်းပေးပါတယ်။

– ကျန်းမာလှပပြီး အသားအရေကြည်လင်စေပါတယ်

သံပရိုသီးမှာ အသားအရေအတွက် ကောင်းကျိုးများစွာ ရှိပါတယ်။ သွေးတွေကို သန့်စင်စေပြီး ဆဲလ်သစ် ထုတ်လုပ်မှုကောင်းစေပါတယ်။ ရေနဲ့ပျားရည်က ဘက်တီးရီးယားဆန့်ကျင်ပြီး အသားအရေ တင်းရင်းစေတဲ့ ကော်လာဂျင်ဓာတ်ကို အားကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top