Healthy Life Ad
Q & A

ဆိတ်ဦးနှောက်၊ မျောက်ဦးနှောက် စားသင့်သလား ..

မေး။ ။ ဆိတ်ဦးနှောက်၊ မျောက်ဦးနှောက်တွေက ကျန်းမာရေးနဲ့ ညီညွတ်ပါသလား။ တချို့တွေက ရေနွေး ဖျောပြီး မကျက်တကျက်စားတာ တွေ့ဖူးလို့ပါ။

သဲယုမေ၊ လက်ပံတန်း။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ ဆိတ်ဦးနှောက်၊ မျောက်ဦးနှောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အဓိက ကိုလက်စထရော များလို့ပါ။ တိရစ္ဆာန်တွေရဲ့ ဦးနှောက် ၁၀ဝ ဂရမ်မှာ ကိုလက်စထရောက ၁၀ဝ မီလီဂရမ် အနည်းဆုံးပါ ဝင်နေပါတယ်။ လူတစ်ယောက်က အနည်းဆုံး တစ်ရက်မှာ ကိုလက်စထရော ၃၀ဝ မီလီဂရမ်ပဲ စားသင့် ပါတယ်။ အဲဒီအတွက် တိရစ္ဆာန်ဦးနှောက်တွေကို ကြိုက်တယ်ဆိုရင်တောင် တခြားကိုလက်စထရောများတဲ့ အစားအသောက်တွေကို ရှောင်ရပါမယ်၊ တိရစ္ဆာန်ဦးနှောက်ကို တစ်နေ့မှာ ထမင်းစားဇွန်း တစ်ဇွန်းထက်ပိုမစားသင့်ပါဘူး။ စားလို့တော့ ရပေမယ့် အများအပြားစားရင် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top