Healthy Life Ad
Health Tips

ကိုယ်အလေးချိန် ငါးပေါင်လျော့ကျချင်တိုင်း အာဟာရပညာရှင်တို့ ပြုလုပ်လေ့ရှိသည့် အလေ့အထများ

စူး ( ဆေးဝါးတက္ကသိုလ် )
ကိုယ်အလေးချိန် ငါးပေါင်ခန့် လျော့ကျချင်တဲ့အခါ အာဟာရပညာရှင်တွေက အောက်ပါအလေ့အထတွေကို ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

အစားအသောက်စာရင်း ရေးမှတ်ခြင်း
တစ်နေ့တာအတွင်း ဘာစားသောက်တယ်ဆိုတာ ရေးမှတ်တာပဲဖြစ်ပါတယ်။ ဒီနည်းက ဘယ်အစာကို လျှော့သင့်တယ်ဆိုတာ သိသွားစေပါတယ်။

အကျိုးပြုဘက်တီးရီးယား သို့မဟုတ် အား ဆေးမှီဝဲခြင်း
ကယ်လိုရီများတဲ့အစာတွေကို လျှော့စားနေချိန်မှာ အကျိုးပြုဘက်တီးရီးယားနဲ့ အားဆေးတွေက သင့်ခန္ဓာကိုယ်ကို အားဖြစ်စေပါတယ်။

ညဘက် အိပ်ရေးဝ၀ အိပ်စက်အနားယူခြင်း
ညဘက်မှာ အိပ်ရေးဝ၀ အိပ်စက်တာက ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးရာရောက်ပါတယ်။ ညည အိပ်ရေးပျက်ရင် ကိုယ်အလေးချိန်ငါးပေါင်ကျဖို့ မလွယ်ပါဘူး။

သန့်ရှင်းသော အစာစားခြင်း
ကျန်းမာချင်ရင် ဒါမှမဟုတ် ကိုယ်အလေးချိန်ထိန်းချင်တယ်ဆိုရင် အနည်းဆုံး ပါဝင် ပစ္စည်း ငါးမျိုးပါတဲ့ အစားအသောက်တွေကို စားပေးသင့်ပါတယ်။ အဲဒီအထဲမှာ ဟင်းသီးဟင်းရွက်က သုံးမျိုးလောက်ပါသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း
နေ့တိုင်း လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်က ကျန်းမာဖို့သာမက ကိုယ်အလေးချိန် ထိန်းပေးရာလည်း ရောက်ပါတယ်။

ကယ်လိုရီကို အလွန်အမင်း လျှော့ချမှုမလုပ်ခြင်း
ကယ်လိုရီကို အလွန်အမင်းလျှော့ချလိုက်ရင် နောက်ပိုင်းမှာအစာကို အလွန်အကျွံစားမိ စေပြီး ကိုယ်အလေးချိန် မြင့်တက်လာတတ်ပါတယ်။ အစာများများ စားဖြစ်တယ်လို့ ထင်အောင်ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပေးပါ။

စိတ်ဖိစီးမှုကို လျှော့ချခြင်း
စိတ်ဖိစီးမှုများရင် တချို့က အစာများများ စားတတ်ပါတယ်။ အထူးသဖြင့် အချိုစာတွေကို စားတာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု nလျှော့ချတဲ့နည်း လုပ်ဆောင်သင့်တာပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top