Healthy Life Ad
Health Tips

အကြိုက်ဆုံး အစာများကို စားသင့်သည့် အကောင်းဆုံး အချိန်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တချို့အစာတွေကို တစ်နေ့တာရဲ့ သင့်တော်တဲ့ အချိန်တွေမှာစားပေးရင် ကျန်းမာရေးအတွက် အ ကောင်းဆုံးအကျိုးကျေးဇူးကိုရရှိစေမှာဖြစ်ပါတယ်။

ချောကလက်

– နံနက်စာ
နံနက်စာမှာ ချောကလက်အနည်းငယ် စားပေးရင် ခန္ဓာကိုယ်ကို အင်တီအောက်ဆီးဒင့်ရရှိစေပြီး အိုမင်းမှုကို လျော့ကျစေပါတယ်၊ နှလုံးကျန်းမာစေပါတယ်။

– သရေစာ
တစ်နေ့ ချောကလက် ၂၅ ဂရမ်ထက်ပိုစားရင် အဆီပိုတွေအဖြစ် စုဆောင်းသွားပါလိမ့်မယ်။

အသား

– နေ့လယ်စာ
အသားမှာ သံဓာတ်ပါဝင်မှုများတာကြောင့် ဆဲလ်တွေနဲ့ ကိုယ်တွင်းအင်္ဂါစနစ်ဆီ အောက်ဆီဂျင် ရောက်ရှိစေပါတယ်။ အဲဒါကြောင့် နုံးချည့်ညောင်း ညာမှုကို လျော့ပါးစေပါတယ်။

– ညစာ
အသားစားရင် အစာကြေဖို့ ငါးနာရီကျော် အချိန်ယူရပါတယ်။ အိပ်ရာမဝင်ခင် အသားစားတာကြောင့် အစာခြေလမ်းကြောင်းစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

အခွံမာသီး၊ အစေ့အဆန်

– နေ့လယ်စာ
အခွံမာသီးလက်တစ်ဆုပ်စာ စားပေးရင်အိုမီဂါ ၃ ဖက်တီးအက်စစ် ရရှိစေပါတယ်။ သွေးကြောတွေ ကို ကျန်းမာစေပြီး သွေးဖိအားကို ဟန်ချက်ညီစေကာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန် စေပါတယ်။

– ညစာ
အခွံမာသီးမှာ အဆီနဲ့ ကယ်လိုရီပါဝင်မှုများ တဲ့အတွက် ညဘက်စားရင် ဝိတ်တက်စေနိုင်ပါတယ်။

လိမ္မော်သီး

– သရေစာ
လိမ္မော်သီးဟာ အစာခြေလမ်းကြောင်းစနစ် လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို မြင့်တက်စေပါတယ်။

– နံနက်စောစော
နံနက် အိပ်ရာက နိုးတာနဲ့ လိမ္မော်သီးစားပေး ရင် ဓာတ်မတည့်မှု ဖြစ်လွယ်သလို အစာအိမ်ကို က သိကအောက် ဖြစ်စေနိုင်ပါတယ်။

ခေါက်ဆွဲ

– နံနက်စာ
ခေါက်ဆွဲမှာ အမျှင်ဓာတ် ပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်ကို သန့်စင်စေပြီး အဆိပ်အတောက်တွေ ကင်းစင်စေပါတယ်။

– ညစာ
ခေါက်ဆွဲက ကယ်လိုရီများလေ့ရှိတဲ့အတွက် ကယ်လိုရီနည်းပြီး အာဟာရတန်ဖိုး မြင့်မားတဲ့ အစာကိုသာ ညဘက် စားသင့်ပါတယ်။

ငှက်ပျောသီး

– နေ့လယ်စာ
ငှက်ပျောသီးမှာ အမျှင်ဓာတ် ပါဝင်မှုများတာ ကြောင့် အစာကြေညက်စေပြီး ရင်ပူဝေဒနာကို သက်သာစေပါတယ်။

– ညစာ
ညစာအဖြစ် ငှက်ပျောသီးစားတာကြောင့် အစာ ခြေလမ်းကြောင်းစနစ်ကို အဟန့်အတားဖြစ်စေနိုင် ပါတယ်။

ပန်းသီး

– နံနက်စာ
ပက်တင်ဓာတ်ပါဝင်တဲ့ ပန်းသီးစားရင် အူလမ်း ကြောင်းကို ကျန်းမာစေပြီး ကင်ဆာဖြစ်စေတဲ့ ဓာတ် တွေကို ဖယ်ရှားပေးပါတယ်။

– ညစာ
ပန်းသီးဟာ အစာအိမ်အက်ဆစ်ကို တိုးစေပြီး ဗိုက်မအီမသာဖြစ်စေပါတယ်။ ပန်းသီးမှာပါတဲ့ ပက် တင်ဓာတ်က အထူးသဖြင့် ညဘက်မှာ အစာကြေဖို့ ခက်ခဲပါတယ်။

ထမင်း

– နေ့လယ်စာ
ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ ထမင်းကို နေ့ လယ်စာမှာ စားပေးရင် တစ်နေ့လုံး စွမ်းအင်ရှိနေပါ လိမ့်မယ်။

– ညစာ
ညစာအဖြစ် ထမင်းစားရင် ကိုယ်အလေးချိန် မြင့်တက်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top