Healthy Life Ad
Q & A

လိင်တံထိပ် အရေပြား လှီးဖြတ်မထားတဲ့အခါ . . .

မေး။ ။ လိင်တံထိပ် အရေပြား လှီးဖြတ်တာက ကျန်းမာရေးအတွက် ကောင်းတယ်လို့ ကြားဖူးပါတယ်။ ကျွန် တော်က လိင်တံထိပ် အရေပြားလှီးဖြတ်တာ မလုပ်ထားပါဘူး။ အဲဒီအတွက် ဘယ်လိုနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်တတ်ပါသလဲ၊ ကျွန်တော့်အနေနဲ့ ကျန်းမာရေးမထိခိုက်အောင် ဘယ်လို ဂရုစိုက်သင့်ပါသလဲ သိချင်လို့ပါ ခင်ဗျာ။

ကိုခန့်၊ ရန်ကုန်။

ဒေါက်တာမြတ်ထွဋ်ညွှန့်မှဖြေကြားပေးပါသည်။

ဖြေ။ ။ အမျိုးသား လိင်အင်္ဂါထိပ်အရေပြား ဖြတ်တောက်ခြင်းအားဖြင့် အိမ်ထောင်ဘက်ကို ကြွက်နို့ဗိုင်းရပ်စ်ပိုး ကူးစက်တာ နည်းစေပါတယ်။ တခြား လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း အထိုက်အလျောက် လျော့ပါးစေပါတယ်။ မဖြတ်ထားခဲ့ရင်လည်း ကြီးမားတဲ့ဆိုးပစ်တော့ မဖြစ်နိုင်ပါဘူး။ ဖြတ်ထားသည်ဖြစ်စေ၊ မဖြတ်ထားသည်ဖြစ်စေ အပျော်အပါးရှောင်ဖို့၊ မရှောင်နိုင်ရင်လည်း ကွန်ဒုံးသုံးဖို့တော့ လိုပါတယ်။ လိင်တံထိပ်အရေပြားကို သေချာသန့်ရှင်းရေးလုပ်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top