Healthy Life Ad
Q & A

ခြောက်လွှာမှာနေတဲ့ ကိုယ်ဝန်ဆောင် . . .

မေး။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ လှေကားအတက် အဆင်းများများလုပ်လို့ရပါသလား။ ကျွန်မကခြောက် လွှာမှာနေပြီး ဈေးဝယ်လိုက်၊ အပြင်သွားလိုက်နဲ့ အမြဲလှုပ်ရှားနေရလို့ပါ။
သင်းသင်းနု၊ အလုံ။

ဒေါက်တာစိုးလွင် (သားဖွားမိယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ ဆရာတို့လည်း နေ့စဉ်နဲ့ အမျှ ဒီလို ကိုယ်ဝန်ဆောင်လူနာတွေကို တွေ့နေရပါတယ်။ ရန်ကုန်မြို့ ပေါ်မှာတော့ ဒီလိုပဲ အထပ်မြင့်မှာ နေကြရတာပဲ လေ။ ကိုယ့်ဉာဏ်လေးနဲ့ချင့်ချိန်ပြီး အတက်အဆင်း လုပ်ဖို့ပဲ သတိပေးရပါတယ်။ လှေကားအတက်အဆင်းလုပ်ဖန်များရင် အဆင်မသင့်တဲ့အခါ ချော်ကျတတ်ပါတယ်။ ဗိုက်က တဖြည်းဖြည်း ကြီးလာတဲ့အခါ အတက်အဆင်းတွေမှာ အန္တရာယ်ရှိပါတယ်။ ခဏခဏ တက်တာ၊ ဆင်းတာတွေကို ဖြစ်နိုင်ရင် သိပ်မလုပ်သင့်ပါဘူး။ ချော်မလဲအောင်၊ ပြုတ်မကျ အောင်လည်း သတိထားရပါမယ်။ ပစ္စည်းအလေး အပင်တွေကို မ,မသင့်ပါဘူး။ ကိုယ်ဝန်လရင့်လာရင် အထပ်မြင့်မှာနေပေမယ့် ချွေတာပြီး အတက်အဆင်း လုပ်ရပါမယ်။ ခဏခဏ တက်လိုက်၊ ဆင်းလိုက် မလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင်တော့ နိမ့်တဲ့ နေရာကို ပြောင်းပြီး ခဏလောက် နေနိုင်ရင် ပိုကောင်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top