Healthy Life Ad
Health Tips

ကြွက်သားထုထည် သန်စွမ်းစေမည့် အစားအသောက် ခုနစ်မျိုး

၊ ငွေကြယ်စင်ယံ ၊

အားကစားခန်းမကိုမသွားခင်မှာ ကြွက်သားထုထည်သန်စွမ်းဖို့နဲ့ ဝမ်းဗိုက်ချပ်ရပ်နေစေဖို့အတွက် အာဟာရပြည့်ဝအောင် စားသင့်ပါတယ်။ ကြွက်သားကြီးထွားဖွံ့ဖြိုးဖို့အတွက် လုံလောက်တဲ့ ကယ်လိုရီ၊ အရည်၊ ပရိုတင်းဓာတ်နဲ့ ကြွက်သားသန်စွမ်းစေမယ့် အလေးမလေ့ကျင့်ခန်းစတာတွေက အရေးပါနေပါတယ်။

(၁) ဥအမျိုးမျိုး

အစားအစာလမ်းညွှန်ချက်မှာ ကြက်ဥ၊ ဘဲဥလိုဥအမျိုးမျိုးကို တစ်နေ့တစ်လုံး စားပေးတာက ကျန်း မာရေးနဲ့ သင့်တော်တယ်လို့ ဆိုပါတယ်။ ကြက်ဥ အနှစ်တွေကိုလည်း လွှင့်မပစ်ပါနဲ့။ ဥအမျိုးမျိုးမှာ မရှိ မဖြစ် အမိုင်နိုအက်စစ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်သလို မျက်စိကျန်းမာရေးအတွက် အရေးပါတဲ့လူ တင်လို အာဟာရဓာတ်လည်း ပါဝင်နေပါတယ်။

(၂) နို့နှင့် နို့ထွက်ပစ္စည်း

နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲစတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေထဲမှာ အရည်အသွေးမြင့် ပရိုတင်းဓာတ်၊ ကာဗို ဟိုက်ဒရိတ်ဓာတ်၊ ဗီတာမင်ဒီ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်တို့လို မရှိမဖြစ်အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၃) အဆီနည်းအသား

အဆီနည်းအသားမှာ ပရိုတင်းဓာတ်များစွာ ပါဝင်သလို ကြွက်သားတွေဆီ အောက်ဆီဂျင်ပို့ဆောင် ရေးအတွက် သံဓာတ်လည်းပါဝင်ပါတယ်။ ဒါကြောင့် ကြွက်သားကြီးထွားဖွံ့ဖြိုးရေးအတွက် အဆီနည်းအသားတွေကို စားပေးသင့်ပါတယ်။

(၄) အရေခွံမပါသော ကြက်သား

အရေခွံမပါတဲ့ကြက်သားက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ အထူးသဖြင့် အရောင်ရင့်တဲ့ ကြက် သားကိုရွေးရင် တခြားကြက်သားထက် သံဓာတ် ၂၅ ရာခိုင်နှုန်းနဲ့ ဇင့်ဓာတ်သုံးဆပိုမိုပါဝင်တာကြောင့် ခုခံအားစနစ်ကောင်းမွန်ဖို့အတွက် အရေးပါပါတယ်။

(၅) သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေမှာမပါမဖြစ် အ ရေးပါသလို အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အရည်ဓာတ်တွေရရှိစေတာကြောင့် ကြွက်သားထု ထည် သန်စွမ်းဖို့လည်းလိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေထဲမှာ ပရိုတင်းဓာတ်အနည်းငယ်လည်း ပါဝင်ပါတယ်။

(၆) အခွံမာသီး

ဆားမပါတဲ့အခွံမာသီး ဒါမှမဟုတ် လှော်ထားတဲ့ အခွံမာသီးတွေမှာ ပရိုတင်းဓာတ်ကောင်းကောင်း ပါဝင်နေသလို ဗီတာမင်၊ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်နဲ့ ကောင်းတဲ့အဆီတွေကိုလည်း စားသင့်ပါတယ်။

(၇) ပဲအမျိုးမျိုးနှင့် အခွံချွတ်မထားသောကောက်နှံစာ

ကာဗိုဟိုက်ဒရိတ်ရရှိစေတဲ့ပဲအမျိုးမျိုးနဲ့ ကောက်နှံစာတွေမှာ စွမ်းအင်ရဖို့နဲ့ ကြွက်သား သန်စွမ်းဖို့အ တွက် ပရိုတင်းဓာတ်အနည်းငယ်နဲ့အတူ အမျှင်ဓာတ်၊ ဗီတာမင်၊ အင်တီအောက်ဆီးဒင့်လည်း ပါဝင် ပါတယ်။

(Ref;MD)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top